လက်ထဲတွင် ကျူးလစ်ပန်းလေးတစ်ပွင့်အားကိုင်ထားသည်။လူပျိုပေါက်အရွယ်မို့ အရပ်အမောင်းမှာလည်းသိသိသာသာထောင်ထောင်မောင်းမောင်းပင်။ နာရီအားကြည့်လိုက်သော နေ့လည်သုံးနာရီခွဲ။ချိန်းဆိုထားသည့်အချိန်မှာ ညနေလေးနာရီမှဖြစ်သည်။မိမိများစိတ်လောမိပြီး ထွက်လာမိလေခဲ့သလားမသိပါ။
ကျူးလစ်ပန်းလေးအားတစ်ချက်မွှေးပြီး Sakura Park ပန်းခြံကြီးထဲရှိ ကန်ရေပြင်ဘေးခုံတန်းလေးတွင် ချိန်းဆိုထားသည့်သူအား ဇိုအီထိုင်စောင့်နေတော့သည်။ညနေလေးနာရီ...မိမိနှင့်ချိန်းဆိုထားသူမှာရောက်မလာသေးပါ။စိတ်ပူမိလေပြီ။တစ်ခုခုများဖြစ်လေမလားဆိုသောအတွေးနှင့် ဖုန်းဆက်သောလည်းဖုန်းမကိုင်ပေ။
ညနေလေးနာရီ၁၅မိနစ်။ရောက်မလာသေးပြန်။သို့သော် ဇိုအီစိတ်တိုချင်းမရှိ။စိုးရိမ်စိတ်နှင့်သာ ထိုင်စောင့်နေသေးသည်။
ညနေလေးနာရီ၄၅မိနစ်။ခပ်ဝေးဝေးမှ မျှော်နေသောသူလှမ်းလျှောက်လာသည်ကို ဇိုအီလှမ်းမြင်လိုက်သည်။ မိမိ၏အင်္ကျီအနားစအားလက်ဖြင့်ဖုန်ခါပြီး ကျူးလစ်ပန်းကလေးအားလက်နောက်ပစ်ကာဖွတ်ထား၏။
"စောင့်ရတာကြာသွားပြီလားကိုကြီး။ကျွန်တော်တောင်းပန်ပါတယ်နော်။ဖေဖေအလုပ်ခိုင်းနေလို့"
"မကြာသေးပါဘူး။ကိုကြီးလည်းခုနကမှရောက်တာ"
"ဪ...ဟုတ်လားတော်သေးတာပေါ့။ကိုကြီးအကြာကြီးစောင့်လိုက်ရပြီထင်နေတာ"
"ထိုင်လေ"
မင်းဒီပါမောင် ခုံတန်းကလေးပေါ်တွင်ထိုင်လိုက်ပြီး မိမိ၏ကျောပိုးအိတ်ထဲမှ ပစ္စည်းတစ်ခုအားထုတ်ယူလိုက်သည်။
"ရော့...ကိုကြီးအတွက်မွေးနေ့လက်ဆောင်"
မင်းဒီပါမောင်ပေးသောဗူးကလေးအား ဇိုအီဖွင့်ကြည့်လိုက်သော်
"နက်ခ်တိုင်လေးပါလား"
"အင်းကိုကြီးကsuitဝတ်ရင်သိပ်မိုက်တာလေ။အဲ့ဒါကြောင့် ကျွန်တော်က မွေးနေ့လက်ဆောင်ပေးတာ"
"ဒါပေမဲ့ကိုကြီးကနက်ခ်တိုင်မချည်တတ်ဘူး"
"ကျွန်တော်သင်ပေးမယ်လေ"
KAMU SEDANG MEMBACA
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romansaဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.