မြို့သစ်ဘက်တွင် ဗားနီးတက်စ်ဂိုဏ်းသည်အရာရာအားအုပ်ချုပ်နိုင်ရန်ကြိုးစားအားထုတ်နေ၏။
လူအင်အားတောင့်တင်းသည်မှာတော့ အားသာချက်ပင်။"ဒါဆိုမနက်ဖြန် အစည်းအဝေးကိစ္စအတွက်ပြင်ဆင်ထားလိုက်ပါတော့မယ်boss"
"အေး"
စာကြည့်ခန်းထဲတွင် တစ်ယောက်ထဲကျန်နေခဲ့သည်။စာကြည့်စားပွဲပေါ်တွင်တင်ထားသော အမြွှာသားနှစ်ယောက်၏ပုံလေးအားကြည့်ကာ
"ဖေဖေ့သားတွေအတွက်ဖေဖေအကောင်းဆုံးဆိုတာတွေကိုပဲလုပ်ပေးမှာပါ"
မင်းဒီပါမောင်ကျောင်းစာမေးပွဲနီးသောကြောင့် စာများအာရုံစိုက်ကာလုပ်၏။အချိန်ပြည့်နီးပါးစာအုပ်နှင့်မျက်နှာမကွာပေ။
"ကိုကြီးဘာလုပ်နေတာလဲ"
"ရှိန်းမအိပ်သေးဘူးလား"
"အိပ်မပျော်ဘူးကိုကြီး"
"ကိုကြီးကစာကြည့်နေတာ။ရှိန်းရောစာမလုပ်ဘူးလား"
"ပြီးပြီလေ။ကိုကြီးကရော မပြီးသေးဘူးလား"
"ရှိန်းဂိမ်းဆော့ချင်လို့လား"
"အင်း"
"နှစ်ပွဲသုံးပွဲဆော့ပေးမယ်လေနော်"
"ဟုတ်ကိုကြီး "
မင်းဒီပါမောင်နှင့်ရှိန်းဒီပါမောင်တို့နှစ်ဦး ဂိမ်းနှစ်ပွဲသုံးပွဲဆော့ပြီး ရှိန်းဒီပါမောင်လည်းမိမိအခန်းထဲပြန်ကာဝင်အိပ်တော့သည်။နာရီအားကြည့်လေတော့ ဆယ်နာရီပင်ထိုးလေပြီ။ဖုန်းအားကိုင်ကာ မက်ဆေ့လေးတစ်ကြောင်းလှမ်းပို့လိုက်သည်။
...အိပ်နေပြီလား ကိုကို...
မက်ဆေ့ဝင်လာသောnotiသံအားကြားရသော် ဇိုအီဖုန်းအားချက်ချင်းကောက်ကိုင်လိုက်သည်။ဇိုအီမအိပ်သေးပါ။တစ်နည်း မင်းဒီပါမောင်စာပို့မည့်အချိန်အားတမင်ထိုင်စောင့်နေခဲ့ခြင်းပင်။
...မအိပ်သေးဘူး မောင်ရောစာလုပ်ပြီးပြီလား...
...အင်း။ခဏနေအိပ်တော့မလို့...
...မောင့် အသံလေးကြားချင်လိုက်တာ။ကိုကိုလိုခေါ်တဲ့မောင့်ရဲ့နူတ်ဖျားကအသံလေး...
ESTÁS LEYENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.