ep 9
ရှိန်းဒီပါမောင်နှင့်ဦးဒီပါမောင်တို့ နိုင်ငံခြားသို့ထွက်ခွာသွားခဲ့ကြသည်။ မင်းဒီပါမောင်၊ဒေါ်ထွေးမာနှင့်ဦးဒီပါမောင်၏လူယုံတော်တို့သာ ဗားနီးတက်စ်စံအိမ်ကြီးတွင်ကျန်ခဲ့ကြသည်။
လက်ရှိအချိန်...ည ၁၀ နာရီခွဲ ဇိုးဝီတို့အိမ်၌။
ဖြိုးပီတိ၏ကျောင်းတွင် ကျောင်းသားများ၏ထူးချွန်ဆုပေးပွဲသို့တက်ရောက်ရန် ဒေါ်Luna ဖိတ်ကြားခြင်းခံထားရသည်။"ပီတိလေးကဘာဆုရတာလဲ မာမီ"
"ဂီတထူးချွန်ဆုတဲ့သားငယ်..."
ထိုစဥ်အိမ်ရှေ့မှဝုန်းခနဲကားတံခါးစောင့်ပိတ်သံအားကြားလိုက်ရသည်။
"သားကိုကြီးပြန်လာတာလားမသိဘူး...ကားတံခါးကိုလည်းစောင့်ပိတ်လိုက်တာ"
အမှန်ပင်ဇိုအီဖြစ်သည်။ Jacket အားပခုံးပေါ်ထင်ထားပြီး ယိမ်းယိုင်နေသောခြေလမ်းများနှင့် အိမ်ထဲသို့ဝင်လာ၏။
"သောက်လာပြန်ပြီထင်တယ်...ဇိုးဝီသားသွားမင်းကိုကြီးကိုတွဲပြီး အခန်းထဲပို့ပေးလိုက်"
"ဟုတ်မာမီ"
ဇိုးဝီ အစ်ကိုဖြစ်သူအားတွဲကာသူ၏အခန်းထဲသို့ခေါ်သွား၏။
"ဘယ်လောက်တောင်သောက်လာတာလဲ ကိုကြီးရာအနံ့ကိုဟောင်းနေတာပဲ"
"ငါ့ဘာသာဘယ်လောက်သောက်သောက်ပေါ့။မောင်...မောင်...မောင်...သူငါ့ကိုတစိမ်းတစ်ယောက်လိုကြည့်ပြီးလှည့်ထွက်သွားတယ်။အရင်ကလိုငါ့ကိုနည်းနည်းလေးတောင် မပြုံးပြဘူး"
"ဘယ်ကမောင်ကိုပြောနေတာလဲ တိုးတိုးပြောပီတိလေးအိပ်နေတာနိုးသွားမယ်"
"ဟ...ဒါငါ့အိမ်လေငါ့ဘာသာပြောတာဘာဖြစ်လဲ"
"မူးရင်လည်းအိပ်တော့ ခြေအိတ်တွေချွတ်အိပ်ဦး"
ဇိုးဝီ အစ်ကိုဖြစ်သူအားကုတင်ပေါ်တင်ပေးခဲ့ပြီး အခန်းထဲမှာပြန်ထွက်လာခဲ့သည်။
ဇိုအီ၏အခန်းနှင့်နှစ်ခန်းကျော်တွင်ရှိသော ဖြိုးပီတိလေး၏အခန်းတံခါးအားဖြည်းဖြည်းဖွင့်ကြည့်ပြီး"တော်သေးတာပေါ့ ပီတိလေးနိုးမသွားလို့"
ဇိုးဝီတံခါးအားဖြည်းဖြည်းပြန်ပိတ်ပြီး မိခင်ရှိရာအောက်ထပ်သို့ပြန်ဆင်းလာ၏။
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.