အချိန်တစ်ပတ်နီးပါးကြာမြင့်လာခဲ့လေပြီ။ ဖြိုးပီတိတစ်ယောက် နေ့စဥ်မနက်တိုင်းမိခင်အားအမြဲမေးတတ်၏။ ယနေ့လည်း အိပ်ယာနိုးနိုးချင်း ကိုယ်တိုင်မျက်နှာသစ်သွားတိုက်ပြီး မိမိ၏မျက်မှန်းဝိုင်းကလေးတပ်ကာ ထမင်းစားခန်းသို့ဆင်းလာသည်။
"သားပီတိလေး နိုးပြီလား"
မိမိ၏ဦးခေါင်းကလေးအားဦးညွတ်ပြီး
"ပီတိအိပ်ယာနိုးပါပြီဗျ "
"ဗိုက်ဆာနေပြီလားသားလေး "
"ဆာပါတယ်ဗျ"
ဖြိုးပီတိ၏ဦးခေါင်းကလေးသည် ဟိုရွေ့ဒီရွေ့ဖြင့်တစ်စုံတစ်ရာအား ရှာဖွေနေသည်။
"ကိုကို ကိုကိုဘယ်သွားတာလည်းဗျ"
"ပီတိကိုကိုဒီနေ့အလုပ်ကိစ္စအရေးတကြီးရှိလို့ ရုံးသွားပြီးကွဲ့ ပီတိလေးကိုပေးထားတဲ့ဖုန်းရော"
ဇိုးဝီသည် ဖြိုးပီတိအား တစ်စုံတစ်ခုစိတ်ပူသောကြောင့် ဖြိုးပီတိအားဖုန်းတစ်လုံးပေးထားပြီး ဖြိုးပီတိလည်ပင်းတွင်အမြဲဆွဲထားရန်ပြောဖူးသည်။
ဒေါ် Luna ဖုန်းအကြောင်းပြောလိုက်သော ဖြိုးပီတိမိမိဦးခေါင်းအားမိမိလက်ဖြင့်တစ်ချက်ရိုက်ကာ
"ပီတိဖုန်းမေ့ခဲ့တယ်ဗျ ပီတိဖုန်းမေ့ခဲ့တယ်ဗျ"
ဒေါ် Luna ဖြိုးပီတိ၏လက်နှစ်ဖက်အားဆွဲကိုင်လိုက်ပြီး
"နောက်မမေ့ရဘူးနော် ကယ် ဒါဆိုခုဖုန်းကိုသွားပြန်ယူလာခဲ့နော်"
"ဟုတ်ကဲ့ပါဗျ"
ဇိုးဝီတစ်ယောက် company တွင်ရုံးမတက်သည့်ရက်ဆက်နေသောကြောင့် အလုပ်များရူပ်နေခဲ့သည်။
Ring Ring
ဖုန်းသည်အဆက်မပြတ်မည်နေသော်လည်း ဇိုးဝီမကိုင်နိုင်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရပ်၆ပေကျော်ကျော် အသားမှာအနည်းငယ်အညိုသမ်းပြီး မျက်ကြည်လွှာပြာလဲ့လဲ့ ဆံနွယ်များမှာလည်းမဲနက်နေပြီ အနောက်တိုင်းsuit ဝတ်ဆင်ထားသည်။ အပေါ် jacket အားချွတ်ထားကာ မိမိ၏လက်ပေါ်တွင်တင်ထား၏။ လက်တွင်ပတ်ထားသော Patek Philippe watch အားကြည့်လိုက်သော နေ့လည်အချိန်ပင်ရောက်နေလင့်ပြီ...
VOUS LISEZ
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Roman d'amourဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.