ငပလီကမ်းရှေ့ရှိ ပင်လယ်ပြင်ကြီးနှင့်မျက်နှာချင်းဆိုင်ဆောက်ထားသော အပန်းဖြေစံအိမ်တွင် ယခင်ကထက်ပို၍ပန်းပင်များတောင်များနေခဲ့လေပြီ။
"သခင်လေးတို့လာမယ်ဆိုလို့ သေချာသန့်ရှင်းရေးလုပ်ထားပါတယ်"
"ကျေးဇူးပါဦးဘသောင်း။ကျွန်တော်တို့လည်းအကြာကြီးမနေပါဘူးခဏအပန်းဖြေရုံလောက်ပဲ"
"ဟုတ်သခင်လေး။ဟိုအစားအသောက်အတွက်ကတော့"
"ရတယ်ဦးဘသောင်း ကျွန်တော်တို့အပြင်ထွက်စားလိုက်မယ်"
"ဟုတ်သခင်လေးဒါဆိုအေးအေးဆေးဆေးနားကြပါဦးနော်"
ဇိုအီ ပင်လယ်ပြင်နှင့်မျက်နှာချင်းဆိုင်ထားသော အရှေ့မှန်တံခါးအားဖွင့်လိုက်သည်။
"oh...fresh air ဟိတ်အရှူးလေးဒီနားလာခဲ့"
နောက်တွင်မတ်တပ်ရပ်နေသော ဖြိုးပီတိအား ဇိုအီလှမ်းခေါ်လိုက်သော် ဖြိုးပီတိလည်းထိုမှန်တံခါးနားသွား၏။
"မျက်လုံးမှိတ်လိုက်။ဒီမျက်လုံးကိုမှိတ် "
ဇိုအီ ဖြိုးပီတိ၏မျက်မှန်ဝိုင်းလေးအာချွတ်ကာ မိမိလက်ဖြင့်မျက်လုံးနှစ်လုံးအားဖုံးအုပ်လိုက်သည်။
"ပြီးရင်လေဝဝကြီးရှူကြည့် ရှူ "
"ကိုကြီးဘာတွေလုပ်နေတာလဲ"
"အရှူးလေးကို fresh air ရှူခိုင်းနေတာလေ"
"နောက်မှရှူပါစေ။ပီတိလေးအေးဆေးနားပါစေဦး"
"အေးပါကွာ။သုံးယောက်လုံးအပေါ်ထပ်မှာနေမှာမှတ်လား"
"ဟိုပီတိလေးကနေရာစိမ်းရင်တစ်ယောက်ထဲ မအိပ်တတ်ဘူး။နှစ်ယောက်ခန်းမှာပဲပီတိလေးနဲ့နေလိုက်မယ်"
"အင်းအင်းပြီးရော "
ဇိုအီ မိမိနေမည့်အခန်းထဲဝင်ကာ ကုတင်ပေါ်သို့စိတ်လွတ်ကိုယ်လွတ်ပစ်လဲလိုက်သည်။
"ပီတိလေး ဒီအခန်းကကိုကိုနဲ့ပီတိလေးနေဖို့။ပီတိလေးကြိုက်ရဲ့လား"
"ပီတိကြိုက်တယ်ဗျ"
"ဟားဟားကိုကိုရဲ့ပီတိလေးကြိုက်ရင်ပြီးရော။ပီတိလေးပင်ပန်းနေမှာပေါ့ နားနေဦးနော် ကိုကိုရေကူးကန်တစ်ချက်သွားကြည့်လိုက်ဦးမယ်"
VOCÊ ESTÁ LENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.