မမျှော်လင့်ထားသောစကားတစ်ခွန်းသည် မိမိလုံးဝမမျှော်လင့်ထားသောအချိန်၌ကြားခဲ့ရ၏။
အတွေးများလည်းတုန်လူပ်ကာ ဘာကိုပြန်ပြောရမည်မှန်းမသိခဲ့..."မောင် ဘာတွေပြောနေတာလဲ မောင်စနေတာမှတ်လား"
သူ၏မျက်ဝန်းများသည်အသက်မရှိတော့သောသူတစ်ယောက်လိုပင်။မဟုတ်သေးချေ။ခံစားချက်မဲ့သွားသော မျက်ဝန်း...သူ၏မျက်ဝန်းထဲတွင်ဘာတစ်ခုမှမရှိတော့သကဲ့သို့ပင်။
"မောင် စနေတာမဟုတ်ဘူးကိုကို။မောင်တကယ်ပြောနေတာပါ"
"မဟုတ်သေးဘူးလေမောင်။ကိုကိုကဘာလို့မောင့်အနားကနေထွက်သွားရမှာလဲ"
"မောင်ခုချိန်မှာ ကိုကို့အမေးတွေကိုဖြေဖို့အင်အားမရှိဘူး"
သူ၏လက်နှစ်ဖက်အားယုယစွာကိုင်လိုက်သောလည်း သူခါချလိုက်ပြီ။သူ၏လက်တွေဟာလည်း
အေးစက်နေခဲ့ပြီ..."မဟုတ်သေးဘူးမောင်ဘာကြောင့် ဒီလိုတွေပြောနေရတာလဲ။မောင်ကိုကိုနဲ့လူပုံအလည်မှာ မျက်နှာပန်းလှလှမနေရမှာစိုးလို့လား။လိင်တူချင်းချစ်မိခဲ့ကြလို့ ကဲ့ရဲ့ကြမဲ့ပတ်ဝန်းကျင်တွေကိုမောင်ကြောက်လို့လား"
"ကိုကိုပြောနေတာတွေတစ်ခုမှမဟုတ်ပါဘူး"
"ဒါဆိုဘာကြောင့်လည်းဖြေလေမောင်ရယ်"
သူ၏ပခုံးအား ကိုင်ကာမျက်ဝန်းချင်းဆုံရန်ကြိုးစားသောလည်း မောင် သူ၏မျက်ဝန်းများအားအကြည့်လွှဲနေခဲ့သည်။
"ကိုကို မောင့်ကိုတကယ်ချစ်လား"
"မေးရက်လိုက်တာမောင်ရယ်...ကိုကိုကမောင့်ကိုချစ်တာထက် တန်ဖိုးထားတာပါ၊မြတ်နိုးတာ"
"မောင့်ကိုအရမ်းချစ်လားဟင်"
"အချစ်ကြီးရင်အမျက်ကြီးတယ်တဲ့ ဒါပေမဲ့ကိုကိုအမျက်မကြီးဘူးမောင်...ကိုကိုချစ်တဲ့မောင့်အတွက်သာကိုကိုဖြစ်တည်ချင်တာပါ"
မင်းဒီပါမောင် ခြေဖျားကလေးထောက်ကာ ဇိုအီ၏ကျယ်ပြန့်သောနဖူးပြင်ပေါ်သို့ နူတ်ဆက်အနမ်းတစ်ပွင့်ပေးပြီး ဇိုအီရှေ့တွင်ဒူးထောက်လိုက်သည်။
YOU ARE READING
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.