Royal Boy School ၏ကျောင်းအားကစားပွဲနေ့။အားကစားထူးချွန်သော ဇိုအီမှာတော့ရွယ်တူကောင်မလေးများကြား ရေပန်းစားလျက်ပင်။
"ဇိုအီ...ဇိုအီ...ဇိုအီ"
သံပြိုင်အော်နေသောကောင်မလေးများ၏အသံမှာလည်း ဟိန်း၍နေ၏။ ဘတ်စကတ်ဘောစတင်ကစားကြမည်ဖြစ်ပြီး ဇိုအီသည်အသင်းခေါင်းဆောင်နေရာတွင်ကစားရမည်ဖြစ်သည်။ပွဲကြည့်ပရိတ်သတ်စင်နေရာတွင် မိဘများအနှောင့်အယှဥ်မဖြစ်စေရန် မိဘများတစ်ဖက်၊ကျောင်းသားများတစ်ဖက်ခွဲပေးထား၏။
မင်းဒီပါမောင်တစ်ယောက် ဇိုအီအားကြည့်ချင်ဇောနှင့်လူကြားထဲအတင်းထိုးကာ ရှေ့ဆုံးခုံနေရာလေးတွင်ဝင်ဦးလိုက်သည်။ကစားသမားများနေရာယူပြီးကြသော တစ်ဖက်နှင့်တစ်ဖက်မိတ်ဆက်ကြပြီး ဒိုင်လူကြီးဝီစီမှုတ်ကာ ပြိုင်ပွဲအားစတင်လိုက်တော့သည်။
တစ်ဖက်နှင့်တစ်ဖက်ပြိုင်ကာအားပေးနေသော ကောင်မလေးများ၏အားပေးသံများမှာလည်း ခန်းမအတွင်းဆူညံလျက်။ဇိုအီသည်အရပ်ရှည်ရှည်နှင့်ကစားရာတွင်လည်း လေးနက်သောအမှုအရာဖြင့်ကစား၏။
ပထမပိုင်းတွင် ဇိုအီတို့အမှတ်အသာဖြင့်နိုင်နေခဲ့သည်။"ဟေ့ကောင်ဒီနေရာမှာ ငါထိုင်မလို့ဖယ်ပေး"
စီနီယာဖြစ်ပုံရသောအစ်ကိုတစ်ယောက်မှ မင်းဒီပါမောင်၏ခေါင်းအားရိုက်ကာပြောလိုက်သည်။
"ဗျာ...ဒီမှာကျွန်တော်ထိုင်နေတာလေအစ်ကို"
"ဟလျှာရှည်လှချည်လား။ငါထိုင်မယ်ဆိုထိုင်မယ်ပေါ့မင်းထလိုက်ရင်ပြီးပြီလေ"
ဇိုအီ မင်းဒီပါမောင်အားထိုလူခေါင်းရိုက်နေသည်ကိုမြင်သော နားနေရာမှထကာ ထိုပွဲကြည့်ပရိတ်သတ်ကြားထဲသို့သွား၏။
"ဘာဖြစ်နေတာလဲညီလေး"
မင်းဒီပါမောင် ဇိုအီအားမြင်သောချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး
"ဘာမှမဖြစ်ပါဘူးကိုကြီး"
"မင်းနဲ့သူနဲ့ကညီအစ်ကိုတွေလား"
"သူကငါ့သူငယ်ချင်းမင်းဘာလုပ်ချင်လို့လဲ"
"ဘာမှမလုပ်ပါဘူး။ငါကဒီခုံလေးများထိုင်ချင်လို့သူ့ကိုဖယ်ပေးပါလားလို့မေးနေတာပါကွာ"
ESTÁS LEYENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.