မနက်တိုင်းအိပ်ယာလာနိုးတက်သော မိခင်ဖြစ်သူအားစောင့်နေပါသောလည်း ပေါ်မလာသောကြောင့် ဘေးရှိစင်ပေါ်တွင်တင်ထားသော မျက်နှာဝိုင်းဝိုင်းလေးအားယူတပ်ကာ ဖြိုးပီတိအိပ်ယာမှထလာသည်။
"အိမ်ပြန်ချင်တယ်ဗျ"
အခန်းတံခါးအားဖွင့်ကာ လှေကားအတိုင်းအောက်ထပ်သို့ဆင်းလာ၏
"ပီတိလေးနိုးလာပြီလား"
ဒေါ်Lunaအားမြင်သော ဖြိုးပီတိ အနားသွားကာ
"ပီတိမေမေရောဗျ"
"ဟို မေမေကကိစ္စလေးရှိလို့ ဦးဦးလူမော်နဲ့ခရီးသွားနေကြတာ ပီတိလေးရဲ့"
"ဘယ်ကိုသွားနေတာပါလည်းဗျ"
စကားပြောလျှင် မျက်နှာတည့်တည့်မကြည့်တတ်သော ကလေးငယ် လက်ကလေးများတစ်ချက်တစ်ချက်လူပ်ရှားနေတတ်သော ကလေးငယ် မိမိမျက်ဝန်းထဲသဘောကျမိသည့်အရာကိုသာ စူးစိုက်ကြည့်နေတတ်သောကလေး ထိုကလေးငယ်နှင့်၆နှစ်တာကြာလနီးပါး နီးစပ်မှုရှိခဲ့သောကြောင့် ဖြိုးပီတိ၏အပြုအမှုများဖြင့် ဒေါ်Lunaသည်လည်းရင်းနှီးနေလေခဲ့ပြီ။
"ဟာ ပီတိနိုးနေပြီလား"
"ဟုတ်ကဲ့ ပီတိနိုးနေပါပြီဗျ "
"ဒီမှာ ကိုကိုပီတိအတွက် လက်ဖက်ရည်နဲ့ပလာတာဝယ်လာတယ် "
"ကျေးဇူးတင်ပါတယ်ဗျ"
"လာ ကိုကိုနဲ့တူတူသွားစားရအောင်"
"ဟုတ်ကဲ့ပါဗျ"
ဦးမင်းမော်နှင့်ဦးလူမော်တို့နှစ်ဦး ဒေါ်ခင်သင်းအားသေချာစွာ သဂြိုလ်ပြီးတရားနာပြီးသော ဒေါ်Lunaနှင့်ဖုန်းပြောကာ ဦးလူမော်နှင့်ဒေါ်ခင်သင်းတို့တူတူနိုင်ငံခြားထွက်သွားကြောင်း ဖြိုးပီတိလေးအား အိမ်တွင်ထားခဲ့ကြောင်းပြောဆိုတိုင်ပင်ကြပြီး ဖြိုးပီတိလေးအား ဦးမင်းမော်အိမ်တွင်သာခေါ်ထားရန် စီစဥ်လိုက်ကြတော့သည်။
"ပီတိကျောင်းသွားချိန်ရောက်ပြီဗျ ပီတိကျောင်းသွားမယ်ဗျ"
လက်တွင်ပတ်ထားသောနာရီအားကြည့်လိုက် အိမ်တွင်အော်ပြောလိုက်နှင့် ဖြိုးပီတိတစ်ယောက်ဂနာမငြိမ်ပေ
KAMU SEDANG MEMBACA
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romansaဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.