"သားရေမြန်မြန်လုပ်။ပီတိလေးအေးမယ်"
"ဟုတ်မာမီ"
ရေကစားပြန်လာပြီး ဇိုအီတို့သုံးဦးရေမိုးချိုးအဝတ်အစားလဲကြ၏။
"ဘာချက်လည်းမာမီ သားဗိုက်ဆာနေပြီ"
"အစုံပဲ။သားဒယ်ဒီကဒီနေ့ ဧည်သည့်အချို့ညစာလာစားဖို့ဖိတ်ထားတယ်တဲ့။အဲ့ဒါကြောင့်ပြင်ဆင်ထားတာ"
"ဧည့်သည်...ဒီလိုရက်ကြီးကိုဧည့်သည်ဖိတ်ထားတယ်"
"မာမီလည်းမသိပါဘူး"
ဒေါ်Lunaစားစရာများစားပွဲပေါ်တင်ခင်း...ပန်းကန်များအားနေရာတကျချပြီးညစာစားရန်ပြင်ဆင်ထားလိုက်သည်။
"မာမီ သား ပီတိလေးနဲ့ shopping mallခဏသွားလိုက်အုံးမယ်"
"ဘာသွားဝယ်မလို့လဲ ညစာစားချိန်ရောက်တော့မှာကို"
"ဒီမှာပီတိလေးမျက်မှန်ကိုင်းကျိုးလာလို့လေ။အဲ့တာ သွားပြန်လဲမလို့... ခဏပါပဲမာမီ"
"ကားဖြည်းဖြည်းမောင်းသွားနော်"
"ဟုတ်မာမီ"
ဇိုးဝီနှင့်ဖြိုးပီတိတို့ လှပလွန်းပြီးကြီးမားသော လိုချင်တာအားလုံးနီးပါးရနိုင်သည့် shopping mallကြီးတစ်ခုဆီရောက်လာကြသည်။
"ဟာ ကိုဇိုးဝီမတွေ့ရတာတောင်ကြာပြီနော်"
ရုတ်တရက် စက်လှေကားပေါ်မတ်တပ်ရပ်နေရင်း နောက်မှလှမ်းကာမိတ်ဆက်နေသောအသိတစ်ယောက်အားလှည့်ကာကြည့်လိုက်၏။
"ဪ...ကိုဝဏ္ဏဟုတ်တယ်ဗျာမတွေ့ရတာတောင်ကြာပြီ"
"ဒါနဲ့စျေးလာဝယ်တာလား ဒီအားလက်ရပ်ကို"
"စျေးလာဝယ်တာတော့မဟုတ်ဘူး။ဒီမှာလေ ညီလေးရဲ့မျက်မှန်ကိုင်းကျိုးသွားလို့"
ရှေ့တွင်မတ်တပ်ရပ်အားစက်လှေကားစီးနေသော ဖြိုးပီတိမရှိတော့ပေ။ဇိုးဝီ အမြန်အပေါ်တက်ကာဘေးပတ်ဝန်းကျင်အားလှည့်ကြည့်သည်။
"နောက်မှတွေ့မယ်နော်ကိုဝဏ္ဏ"
"ကောင်းပါပြီဗျာ"
ဇိုးဝီသွတ်လပ်သောခြေလှမ်းများနှင့် ဖြိုးပီတိအားလိုက်ရှာလေတော့သည်။
VOCÊ ESTÁ LENDO
𝐘𝐨𝐮'𝐫𝐞 𝐌𝐲 𝐌𝐮𝐬𝐞(Season 1 End)
Romanceဇာတ်လမ်းထဲရှိအမည်နာမနှင့်ဇာတ်သဘောသည် ကျွန်တော်၏စိတ်ကူးသက်သက်သာဖြစ်သည်။ Autism များအပေါ်ထိပါးစော်ကားလိုခြင်းလုံးဝ(လုံးဝ)မရှိပါ။ တစ်ရက်ခြားအသစ်တစ်ပိုင်းupdateပါဗျ.