Jeon ဧည့်ခန်းဆိုဖာအကြီးကြီးပေါ်တွင် Silver hairနဲ့ အောက်နှုတ်ခမ်းတွေကိုကိုက်ကာ လက်စွပ်အမျိုးစားစုံရှိတဲ့ လက်သွယ်သွယ်လေးတွေက Bamရဲ့ခေါင်းကိုလက်တဖက်က ဖက်ထားရင်း ဖုန်းထဲရှိ ဂိမ်းတခုကိုနားကြပ်တပ်ထားကာ အသည်းသန်ကစားနေတဲ့ မြင်ကွင်းတခုရှိနေသည်။
အိမ်တော်ရဲ့ပထမဆုံးအထပ်ဖြစ်တဲ့
ထိုမြင်ကွင်းက မနက်ခင်းတွင် အရေးကြီးစကားပြောဖို့ လိုနေတဲ့လူတယောက်အတွက်တော့ အမြင်မကြည်ချင်စရာဖြစ်လို့နေသည်။ဂိမ်းနှိပ်နေတဲ့ ကောင်လေးရဲ့ဘေးတွင် Jeonအမေက ခြေထောက်တဖက်ချိတ်ထိုင်နေခဲ့ပြီး သားဖြစ်သူ Jeon Jung Kookက သူမနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်။
Jeonမေမေဟာ အနီရင့်ရင့်နှုတ်ခမ်းနီတမျိုးနဲ့ နုပျိုလှတဲ့ရုပ်ရည်သွင်ပြင်တခုအား အရောင်ထပ်တင်ထားကာ ပေါင်လည်ထိသာရှိတဲ့ စကတ်တိုတိုကို ဝတ်ဆင်ထားပြီး စီးပွားရေးလောကရဲ့ ကျားရိုင်းတကောင်လို့ ကျော်ကြားတဲ့သူမမှာ Jeon Jung Kookဆိုတဲ့ အသက်20ဝင်ခါစ သားချောလေး တယောက်သာရှိသည်။
24နာရီမှာ 20နာရီလောက်က အလုပ်များနေတတ်တဲ့ Jeonအမေဖြစ်သူဟာ သားဖြစ်သူကို အချိန်အများကြီး ပေးချင်ပုံမရကာ အလုပ်သွားဖို့ပြင်ဆင်ပြီး နာရီတချက်ကြည့်လိုက်သည်။
စီးပွားရေးသမားတွေမှာ တန်ဖိုးအရှိဆုံးနဲ့ အရေးကြီးဆုံးက အချိန်ပဲ Jeonအမေဟာ စီးပွားရေးနဲ့ပတ်သက်ရင် မြူတမှုန်စာလောက်တောင် အထိခိုက်မခံတတ်တဲ့သူလဲဖြစ်သည်။
စီးပွားရေးနဲ့ပတ်သက်ရင် ယောင်္ကျားဖြစ်သူ Mr Jeonကိုတောင် ပြိုင်ဘက်တယောက်လိုသဘောထားကာ ငွေကစားတတ်တဲ့သူ နှုတ်ခမ်းနီတွေနဲ့ အချိန်ပြည့်ကျက်သရေရှ်ိတယ်လို့ထင်ရပေမဲ့ စီးပွားရေးလောကသားတွေကတော့ အဲဒီအရောင်သွေးတွေကို သေမလောက်ကြောက်ကျရတယ်။
"မေမေ အလုပ်သွားဖို့အရေးကြီးနေတာလား......"
သားဖြစ်သူရဲ့စကားကြောင့် အမေဖြစ်သူဟာ နာရီကိုတချက်ငုံ့စစ်ဆေးပြန်သည်။
"15မိနစ်လောက် အချိန်ရသေးတယ် သား ပြောလေ မေမေ့ကိုပြောစရာရှိလို့ဆို....."