🔥☕38🥃🔥

5K 356 89
                                    

"ဘယ်လိုတွေတောင် လုပ်ချလိုက်တာလဲJeonရယ် ကိုယ်ပူရောကျပြီလား....."

နေမကောင်းတာကိုJeonအမကေမသျိပဲ ဂျက်လေယာဥ်လွှတ်ပေးပါဆိုလို့ ညတွင်းချငိးစီစဥ်ပေးလိုက်တာကို သားဖြစ်သူလုပ်ချလာပုံဟာ ဆရာဝန်တယောက်နဲ့သတိလစ်နေသူကိုဆိုးလ်ကိုပြန်ခေါ်လာပါတယ်တဲ့။

"အပူကြီးပြီး သတိလစ်သွားတာ ဘာမှစိုးရိမ်စရာမရှိဘူးလို့ပြောတယ်မေမေ ကိုယ်ပူလဲကျပါပြီ....."

"ဟဲ့ နေမကောင်းနေတာကို ဘာလို့ချက်ချင်းကြီးပြန်ခေါ်လာတာလဲ သက်သာမှပြန်လာလို့ရောမရလို့လား....."

Jeonအခန်း Jeonအိပ်ယာပေါ် စောင်လေးနဲ့ထုတ်ထားတဲ့ အဆိုးငယ်ရဲ့မလှမ်းမကမ်းမှာ သားအမိတွေတဂျစ်ဂျစ်။

"မေမေ့လူက ပြန်မလိုက်ဘူးကြီးလေ ဒါတောင်သတိလစ်နေလို့ ပါလာတာ မဟုတ်ရင်ကျနော်တယောက်ထဲပဲမေမေမြင်ရမှာ....."

"ဟဲ့ အဲလိုဆိုတိုင်း...."

"ရှူး မေမေနိုးသွားအုံးမယ် ပြန်ရင်လဲပြန်လိုက်ပါလား သူသတိရရင်ကျနော်ဖုန်းလှမ်းဆက်ပါ့မယ်....."

"ငါ့ကိုနှင်နေတာကြည့်စမ်း မပြန်ဘူးသတိရမှတခါတည်း သားငယ်ကိုပါမေမေခေါ်သွားမှာ......"

"မပေးပါဘူး....!"

Jeonသည် လက်နှစ်ဆန့်၍ အမေဖြစ်သူကို ထိရဲထိကြည့်ဆိုတဲ့သဘောနဲ့ အပြည့်ဝကာပစ်သည်.....။

"နင်ပြောတော့ လက်ထပ်တော့မှာဆို ငါ့သားငယ်ကိူငါခေါ်သွားလိုက်မယ်လေ....."

"လက်ထပ်မှာက ဟုတ်တယ်လေ လွယ်လွယ်ကူကူမေမေပြန်ခေါ်ချင်တိုင်းခေါ်လို့ရလား လန်ဒန်ထိပြန်ပေးဆွဲလာရတဲ့ကျနော်ပဲသိမ်းသင့်တာ...."

"အရင်နိုးလာပါစေအုံး နိုးမှဒီကိစ္စကိုဆက်ကျတာပေါ့ သားငယ်သဘောပဲမေမေက....."

"မေမေအဲလိုလုပ်နေရင်....ကျနော်တခြားမှာသွားဖွက်ထားမှာနော်"

"အခုမှလာပြီး Sensitiveဖြစ်ပြနေလိုက်တာ ဦးနှောက်မရှိအလုပ်တွေလုပ်တုန်းကကျလုပ်ပြီးတော့....."

"တော်ပါတော့ မေမေရဲ့ နဂိုကအမြင်မကြည်နေပါဘူးဆို ဒီကိစ္စပဲတပြန်ပြန်တလှန်လှန်...."

The Other Side Of LoveWhere stories live. Discover now