"သူ...သူ သတိရနေပြီမလား ကျနော်တခါလောက် ကြည့်ချင်လို့ ခွင့်ပြုပေးပါလားဗျာ....."
တညလုံး မအိပ်ရသေးသော ည်ိုမဲနေတဲ့ မျက်ကွင်းတွေနဲ့ Taeရှိရာ VIPအခန်းထဲဝင်ခွင့်ပြုရန် Seok တောင်းတောင်းပန်ပန် ခွင့်တောင်းနေခဲ့သည်......။
ဗလတောင့်တောင့် Bodyguard3ယောက်လောက်သည် အခန်းရှေ့တွင် မျက်နှာသေနဲ့ ရပ်နေကာ Seokဘာပြောပြော မကြားသလိုနေနေကျသည်.....။
"ဒီမှာ ကျနော်က သူ့အသက်ကို ကယ်တင်ထားတဲ့သူနော်.....ကျေးဇူးတောင် တင်သင့်တာကို ဘာလဲ ကာစီးကာစီးနဲ့ အရှေ့ကနေ.....!"
မျက်မှန် အမဲကြီးတွေနဲ့ Bodyguardတွေသည် Seokဆီ အကြည့်တွေပြိုင်တူ ရောက်လာတာနဲ့ အသားရောင်အိတ်လေး ကိုင်ထားသော လက်တွေတင်းခနဲ....ဘယ်လို ကြောက်စရာလူကြီးတွေလဲကိုSeokမသိ....။
Kimသတိရလာတဲ့အကြောင်းကို မနက်စောစောမှာ ဆရာဝန်တွေဆီက နားစွန်နားဖျား ကြားခဲ့ရသည်
ပိုးစ်ိုးပက်စက် ချောပေမဲ့ သဘောမကောင်းလွန်းလှသော Kim အကိုဆိုသူသည် ညကရောက်လာကတည်းက သူ့ကိုမောင်းထုတ်ထားခဲ့သည်.....။ကြံကြံဖန်ဖန် ငါ့ကလေး တခုခုဖြစ်ရင် အသေသတ်မယ်ဟုဆိုကာ ချိန်းခြောက်ပြီး အခန်းထဲဝင်သွားကာ ခုချိန်ထိ ပြန်ထွက်မလာသေး.....။
စ်ိတ်ပူနေမှန်း နားလည်တာမလို့ ကျနော်က ကယ်တင်ရှင်ကြီးပါဟု Complain မတက်ခဲ့ရသေး ထွက်လာရင်တော့ သေချာပေါက် သူရဲကောင်းဘွဲ့ခံယူဖို့ စောင့်နေခဲ့တာ ဒေါသအိုး ခဲအိုချောချောသည် ပြန်ပင်ထွက်မလာခဲ့.....။
မျက်နှာလုပ်ချင်တာက တကြောင်း Kimကို စိတ်ပူနေသေးတာက တကြောင်း အိပ်ပင်မငိုက်ရဲခဲ့.....။
အပေါက်ဝတွင် ကျောက်ရုပ်အတိုင်း Seokရပ်နေခဲ့သည် မအိပ်ထားရတာရယ် ဘာအစာမှ မနေ့ကတည်းက စားမထားတာကြောင့် မတ်တပ်ရပ်နေရခြင်းသည် ခက်ခက်ခဲခဲ.....။
ခဏလေး အကြာ အခန်းတံခါးပွင့်လာခဲ့သည် ရုပ်ချောချောHyungသည် ညကတုန်းကလောက် တင်းမာမနေတဲ့ မျက်နှာနဲ့ သူကို အံ့သြသလို ကြည့်လာသည်.....။
"မင်းမပြန်သေးဘူးလား ခုချိန်ထိ....."
"အခြေနေ ဘယ်လိုရှိမှန်းမှ မသိရသေးတာ Hyungရယ် ကျနော်မပြန်နိုင်သေးပါဘူး..... ကျနော်တို့က တကျောင်းတည်းတူတူတက်နေကျတဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိူတော့...စ်ိတ် စိတ်ပူတယ်လေ"