🔥☕3🥃🔥

3.3K 313 10
                                    

အနုပညာထဲသို့ စဝင်ခဲ့သော ခြေတလှမ်းသည် အစဆုံး ကိုယ်ခြေကိုယ့်လက်နဲ့ အစစအရာရာ စိတ်တိုင်းကျ စီစဥ်ကာ Jeonက Companyတခုနဲ့ စာချုပ်ချုပ်ဆိုခဲ့သည်.......။

ဖြစ်ချင်သော ဆန္ဒကို မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်ကာ Jeonသည် စိတ်ရောလူပါ အနည်းငယ်ပင်ပန်းပေမဲ့ ကျေနပ်နေခဲ့သည်......။

နာမည်အရမ်းကြီးသော Companyတခုမဟုတ်ပေမဲ့ Jeonက စစ်မှန်တဲ့အရည်ချင်းနဲ့ အောင်မြင်ချငိခဲ့သူမို့ ပြတ်ပြတ်သားသား စ်ိတ်ပိုင်းဖြတ်ကာ အနုပညာလောကထဲ ယောင်လည်လည်ရောက်ခဲ့သည်ပေါ့......။

ထယ့်ရဲ့အကူညိီတချို့ရကာ အများကြီးတော့ မခက်ခဲ တချို့ကိစ္စလေးတွေမှာ သက်ပြင်းခိုးချရပေမဲ့ သူရွေးချယ်တဲ့လမ်းကို နောက်မတွန့်ခဲ့ ခက်ခဲတဲ့ကြားက တိုးဝင်ခဲ့တဲ့ Jeonဟာ ပြင်းပြသော အိမ်မက်တွေအတွက်.....။

ခုရက်ပိုင်းတွေအတွင်း ကျောင်းကိုပစ်ထားရသည် စာချုပ်ကိစ္စတချို့ပြီးသွားတော့ စလုပ်ဆောင်သင့်တဲ့အပိုင်းတွေကို သေချာလေ့လာဖို့ ချက်ချင်းကောက်ခန့်ရတဲ့ မန်နေဂျာအစ်မက အချ်ိန်ဇယားတွေစဆွဲပေးတော့ Jeonသည် မိုးချုပ်မှအိမ်ပြန်ရကာ နောက်နေ့အချိန်ဇယားအမှီ အိမ်ကထွက်ရသည်......။

ကံကောင်းသည်ဟုဆိုရမလား အိမ်ကလူဆိုးကောင်နဲ့ မတော်တဆပင်မတွေ့ရ မေမေလဲအလုပ်တွေမလည်လို့ထင်သည် စေ့စပ်မဲ့ကိစ္စကို လုံးလုံးမေ့နေလို့ ကျနော်အလုပ်များနေရင်းက တော်ပါသေးရဲ့ဟု တွေးနေရသည်......။

ပညာရေးရော ရည်မှန်းချက်အိမ်မက်ကိုပါ တချိန်တည်းရှာဖွေရတာတောင် ကျနော်အတွက် ထင်ထားတာထက်ပိုပင်ပန်းလွန်းလို့ အိမ်ထောင်ရေးရောသာဆို ကျနော်ချက်ချင်းရူးသွားနိုင်သည်......။

မအောင်မြင်ခင် ချည်လာမဲ့ကြိုးတွေသည် အခန့်မသင့်ရင် စုတ်ပြတ်သတ်သွားနိုင်သည်......။

အပူပင်မဲ့ဘဝပါလို့ ဘယ်သူပြောလဲ.....။

"Noona...."

Jeonသည် Magazineတခုအတွက် ဓာတ်ပုံတချို့ရိုက်ကူးပြီးတာနဲ့ မိတ်ကပ်ဖျက်ကာ မန်နေဂျာအစ်မကိုရှာခဲ့သည်......။

The Other Side Of LoveWhere stories live. Discover now