🔥☕37🥃🔥

4.5K 406 67
                                    

တနှစ်ခန့်ကြာသော်""

မီးတူး ပေါင်မုန့်နှစ်ချပ်ကိုဖင်တပြန်ခေါင်းမပြန်လှည့်ကြည့်ကာ မျက်လုံးအောက်ထိအုပ်နေတဲ့ဆံပင်တွေကို လက်ကခေါင်းစီးကြိုးသေးသေးလေးနဲ့တဝက်ခွဲယူစီးကာ လွတ်လွတ်လပ်လပ်ဖြစ်အောင်လုပ်လိုက်သည်......။

"နေ့တိုင်းတူးနေတော့တာပဲ....."

ခပ်တိုးတိုးလေးငြီးငြူကာ နွားနို့ပူပူလေးတခွက်နဲ့ပေါင်မုန့်မီးကင်လေးကိုကိုင်၍ ဧည့်ခန်းလို့မဆိုသာတဲ့TVသေးသေးလေးရှိရာ ထိုင်ခုံပွဲစားလေးဆီလှမ်းလာနေသည်.....။

"တောင်ကိုရီးယားရဲ့ ထိပ်သီးအနုပညာရှင်တယောက်ဖြစ်တဲ့ မင်းသားJeon Jung Kookရဲ့Dating rumor ပေါ်ထွက်လာတဲ့သတင်းကိုကြေညာပေးသွားပါ့မယ်....."

"ခွမ်...."

"အ့ ပူလိုက်တာ....."

ပူပူလောင်လောင်နွားနို့ခွက်သည် အောက်သို့လွတ်ကျသွားပြီး ခြေဖမိုးနုနုဆီလာစင်တော့ အိပ်ယာထစ ကြည်ကြည်လင်လင်မျက်နှာလေး မဲ့ကျလာသည်.....။

"ပိုမြင့်တဲ့အရှိန်ဟုန်နဲ့ ဒီနှစ်ထဲနေရာအကောင်းဆုံးကို ရယူထားတဲ့ပြည်သူချစ်အနုပညာရှင်မင်းသားJeon Jung Kookဟာ တကယ်ပဲလက်ထပ်တော့မလားဆိုတဲ့သတင်းဟာ ပိရိတ်သတ်တွေကြားထဲသို့လောသို့လောအခြေနေတွေဖြစ်လာခဲ့ပါတယ်....."

တရှူးတခုနဲ့ခြေဖမိုးလေးပေါ်အုပ်ကိုင်ကာ လက်ထဲကပေါင်မုန့်ပန်းကန်ကို စားပွဲသေးသေးလေးပေါ်ချထားပြီး တချပ်ယူကာ ပါးစပ်ထဲထည့်လိုက်ပြီး TVပေါ်က သတင်းကိုထိုင်ကြည့်နေသည်.....။

"နွားနို့မပါပဲ ပေါင်မုန့်စားလို့လဲရတာပဲ....."

ဘာအရသာမှမရှိတဲ့ပေါင်မုန့်ကို စိတ်ပါလက်ပါစားနေဟန်လေး.....TVပေါ်ကသတင်းကိုအားရုံစိုက်နေကာ အပူလောင်ထားတဲ့ခြေထောက်ကိုပင်သတိမရတော့ ရေပြင်ညီလိုတည်ငြိမ်နေသော မျက်နှာသည် ဘယ်အခြေနေပေါ်မှာမှ ထူးဆန်မနေ.....။

"ကိုရီးယားမှာက နာမည်ကြီးတွေကိုပဲသတင်းလုပ်စရာရှိတာထင်တယ် လာတိုင်းဒါ မနက်ခင်းတိုင်းဆိုတော့ပျင်းလာပြီ...."

ပေါင်မုန့်တချပ်ကို ပါးစပ်ထဲမြန်မြနိကုန်အောင်အကုန်ထိုးသွပ်ပြီး ပုံမှန်လိုသတင်းတွေထက်တော့ အနည်းငယ်စိတ်လှုပ်ခြားသွားစေမှန်း အမူယာလေးကိုကြည့်သိစေတယ်.....။

The Other Side Of LoveWhere stories live. Discover now