🔥☕33🥃🔥

3.9K 340 28
                                    

"မားဘယ်တော့ပြန်လာမှာလဲ...."

မျက်လုံးတစုံသည် နေ့လည်12:00ဒေါင်ဆိုမှပွင့်လာကာ ရင်ဘတ်အင်္ကျီဟောင်းလောင်းနဲ့ကိုယ့်ဟာကိုငုံ့ကြည့်ပြီး ဖုန်းကင်မရာဖွင့်ကာ ကိုယ့်ကိုကိုယ်ပြန်စစ်ဆေးတော့ လူဆိုးလေးအသံကျယ်ကြီးနဲ့အော်ဟစ်မိသည်.....။

ညက အဖြစ်ပျက်တွေသည် တကွက်ချင်းခေါင်းထဲပေါ်လာကာ သူရှက်လွန်းအားကြီးပြီးအိပ်ယာနဲ့မျက်နှာထိုးအပ်ကာ ရူးတော့မလိုပဲ......။

ဖြေသာသည်က Jeonရှိမနေခဲ့တာပဲ တူတူနေလို့မဖြစ်တော့ဘူးလို့နောက်ဆုံး ဆုံးဖြတ်ပြီးနောက် NewYorkက Jeonမေမေဆီဖုန်းလှမ်းဆက်ခဲ့သည်.....။

"မားတို့အရင်ကဒီလောက်ခရီးအကြာကြီးမထွက်ဘူးလေ သားလွမ်းတယ်ပြန်ခဲ့...."

"အဆင်မပြေတာမဟုတ်ပါဘူး ကျနော်အဲဒါကိုဘယ်လိုရှင်းပြရမလဲမသိဘူး....."

"သူ....သူမရှိဘူးမား ဘယ်သွားလဲဆိုတာလဲမသိဘူး....."

"မားပြန်မလာရင်ကျနော်လိုက်ခဲ့မှာနော်...."

"မား....!!!"

ချော့မော့ပြောကာ Jeonမေမေကဖုန်းချသွားခဲ့ပြီး လူဆိုးလေးဟာ ရေချိုးခန်းထဲပြေးဝင်သွားပြီးအကျယ်ကြီးအော်မိခဲ့သည်.....။

သေသေချာချာမှတ်မိလားဆိုတော့သိပ်တော့မမှတ်မိနေပါ ခေါင်းတွေထိုးကိုက်နေရင်းမှ တချက်တချက်ပေါ်လာသောမှတ်ဥာဏ်တွေဟာ JiMinကိုရေချိုးခန်းထဲခုန်ပေါက်စေပါသည်.....။

"နေပါအုံး ငါတို့ညကဘာမှတော့မဖြစ်ခဲ့လောက်ဘူးမလား နမ်းရုံနဲ့ပြီးသွားတယ်မလား....."

မှန်ထဲတလှည့်ကြည့်လိုက် ကိုယ်ခန္ဓာကိုယ်ကိုငုံ့ကာတချက်ဆေးစစ်လိုက်နဲ့ အဆိုးလေးဟာ ယူကြုံးမရ မနမ်းခဲ့ဖူးတာမှတ်လို့ဆို မတူညီခဲ့ပါ ညကသူကိုယ်တိုင်လဲမကင်းလွတ်ခဲ့တဲ့အထိတွေ့တွေဟာ သွေးကြောတွေထဲထိစိမ့်တက်လာပြီး ကြက်သီးဖြန်းဖြန်းထစေပါသည်.....။

ဘယ်သူဆီပြေးသွားရမှန်းမသိ ရင်ထဲမတင်မကျကြီးကိုတယောက်ယောက်နဲ့ပြေးတိုင်ပင်ချင်နေပြီး ရင်ခုန်နေသလိုမောဟိုက်နေသော ဘယ်ဘက်ရင်တခုလုံးသည်လဲဆိုးဆိုးဝါးဝါး.....။

The Other Side Of LoveWhere stories live. Discover now