"Kim Taehyung ဒါကဘယ်လိုဖြစ်ရတာလဲ....."
အစောကြီးအိမ်ပြန်ရောက်ချလာသော CEO Kimဟာ သယ်လာသမျှသောဒေါသတွေကို Tanကိုချီကာ ခြေထောက်ချိတ်ထိုင်နေသော ဆံပင်စုတ်ဖွားလေးနဲ့ Taeဆီစုပြုံပုံချတော့သည်....."
ဧည့်ခန်းထဲ သတင်းတချို့ကြည့်ကာ မန်နေဂျာဖုန်းဆက်ထားလို့ပြသနာအကျိုးကြောင်းကို Taeကသိနှင့်နေလည်း အထူးတလည်စိတ်ပူနေတာမျိုးမရှိပဲ အေးအေးဆေးဆေးသာထိုင်နေသည်.....။"Taeမသိဘူး Hyung...."
မျက်ဖြူလှန်ကြည့်ကာ နားမလည်သလိုဟန်ပန်လေးနဲ့ မျက်လုံးလေးတွေဟာ အဖြူထည်လေးသာ....သိနေလည်း ....အဲဒါတွေက Taeနဲ့အတော်လေးအလှမ်းဝေးပါသည်...ဒါဟာTaeဖြေရှင်းနိုင်မဲ့ပြသနာမျိုးမှမဟုတ်တာ...။
"မသိဘူးလို့တခွန်းတည်းဖြေရုံနဲ့ပြီးသွားပြီလား Kim Taehyung.... ငါဒီBrandအတွက် ဘယ်လောက်မြှပ်နှံထားရလဲသိလား....."
"0ဘယ်နှစ်လုံးမလို့လဲ ဘယ်လောက်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်နိုင်တာလဲ....Taeတကယ်မသိဘူးHyung ဒါတွေကိုTaeကျွမ်းလဲမကျွမ်းကျင်ဘူး Hyungခိုင်းတဲ့အတိုင်းတော့ တတ်နိုင်သလောက်ကျနော်ကြိုးစားလုပ်ပေးခဲ့တာပဲ...အဆင်မပြေဖြစ်တာတော့ Taeလဲမတတ်နိုငိဘူး..."
တနေ့တည်း Brandပုံစံတခုတည်းကို Companyနှစ်ခုဆီက ပြိုင်တူထွက်လာခဲ့တယ်ဆိုတာ ဒီလောကမှာ ရှာမှရှားပဲ....။
CEO Kimရဲ့ Companyဟာ သေးငယ်တယ်ဆိုပေမဲ့ ထွက်သမျှBrandဟာ တဟုန်ထိုးရောင်းအားကောင်းသော Brandပိုင်ရှင်မို့ အောင်မြင်မှုရရှိနေသော Company တခုဖြစ်ပါသည်.....။
Taeဟာအရွယ်ရောက်လာပြီ လွှဲလို့ရတဲ့လုပ်ငန်းလေးတွေကိုဖဲ့ကာ တာဝန်ပေးထားခဲ့သော Jin Hyungသည် ဒါတွေကိုTaeစိတ်ဝင်စားနေလား စိတ်မဝင်စားဘူးလားဆိုတာကိုလဲ အာရုံစိုက်မနိုင်ခဲ့တာကြောင့် ထွက်ပေါ်လာတဲ့ပြသနာသည်ယမ်းပုံပေါ်မီးကျသလို တကယ့်အန္တရာယ်တောထဲ ....။
"ဒါတွေကို မင်းလက်ထဲသေချာအပ်ထားတယ်ဆိုတာ မင်းကိုယုံကြည်လို့အားကိုးလို့ မင်းလုပ်နိူင်မှာဆိုတဲ့အတွေးလေးရှိလို့လေ.
....""ဒီလုံးဝမဖြစ်သင့်တဲ့ပြသနာကို မင်းဘယ်လိုတွေပေါ့လျှော့ခဲ့တာလဲKim Taehyungရယ်...."