JiMin အိမ်မပြန်ချင်ပါ မူးနေတယ် အသိစိတ်တချက်တချက် လွတ်နေပေမဲ့ Jeonပါးစပ်က မေမေဆိုတဲ့ နမ်စားထွက်ကျလာရုံနဲ့ အသိစိတ်တွေခပ်မြနိမြန် ပြေးကပ်လာသည်......။
အားသန်လွန်းသော လက်မောင်းတွေ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်လုံးနဲ့ ကန်ပြီး ရုန်းတာတောင် ကားမောင်းမပျက်သေးတဲ့ ရုပ်ဆိုးကောင်ဟာ ဘာတွေစားပြီး အားကြီးနေမှန်းမသိ......။
"ငါ့ကိုလွှတ်လို့ပြောနေတယ်နော် Jeon Jung Kook စေ့စပ်ထားတယ်ဆိုရုံနဲ့ ငါကိုပိုင်တယ် လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးလာမချိုးနဲ့ ငါကမင်းထိန်းချုပ်မှုအောက် ပိပိပြားပြားနေပြမဲ့သူလိုမမျှော်လင့်နဲ့....."
ကားမောင်းနေတဲ့Jeonသည် JiMinဆီ စူးစိုက်စိုက်ကြည့်ကာ မဲ့ပြုံးတချက်ပြုံးလိုက်သည်.......။
"စိတ်ကူးယဥ်နေတာလား ParkJiMin စေ့စပ်ထားတဲ့ကိစ္စကို ငါ့ကခေါင်းထဲကိုမရှိတာ မင်းလိုလူဆိုးကောင်ကို လွှမ်းမိုးနိုင်တော့ရော ငါကဘာလုပ်ရမှာလဲ
ခုငါ လာခေါ်ရတဲ့ အကြောင်းရင်းကိုလဲ မင်းအသိဆုံးပဲမလား.....""မသိဘူး..သိလဲမသိချင်ဘူး မင်းနဲ့ပြောစရာစကားလဲမရှိဘူး ငါ့ပိုက်ဆံတွေ အများကြီးသုံးထားတာ ဒီည Clubကို အပြတ်ငှားထားရတဲ့ ပိုက်ဆံတွေပြန်လျှော်ရမယ် မင်း...."
"ငါ့ဖုန်းနံပါတ်ရောင်းစားလို့ရတဲ့ ပိုက်ဆံတွေလား...."
မေးငေါ့ကာ ခပ်ဆတ်ဆတ်ပြောလိုက်တော့ ငြိမ်ကျသွားတဲ့ လူဆိုးလေး မလုံမလဲမျက်နှာလေးကို တဖက်သို့ခပ်မြန်မြန်လွဲသွားသည်.....။
"ငါပိုင်တယ်လေ....ငါ့အပိုင်ပဲဟာ ဖုန်းနံပါတ်တင်မကဘူး လူပါရောင်းစားလဲ ငါမှာအပြစ်မရှိဘူး တရားဝင်သဘောတူစေ့စပ်ထားတာပဲ ပိုက်ဆံလေးတပြားတချပ် ချေးတာ ငါ့ကိုမတူသလို မတန်သလို ဆက်ဆံလို့ တမင်သက်သက်လုပ်တာ ဘာဖြစ်လဲ မကျေနပ်လဲ လဲသေလိုက်....!"
ငြိမ်ကျသွားလို့ ကားအာရုံစိုက်မောင်းရုံရှိသေး မျက်နှာနားထိ တိုးကာ ခပ်စူးစူးအသံစွာစွာတွေနဲ့ ရန်တွေ့လာသော လူဆိုးကြောင့် Jeonလိပ်ပြာလှလှလေးတွေ လွင့်မတတ် လန့်သွားသည်...... ။