🔥☕2🥃🔥

4.2K 352 32
                                    

Jeonသည်ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့ အနက်ရောင်Shirtအင်္ကျီလက်ရှည်အား ဘောင်းဘီအနက်အကြပ်ထဲသို့ ထည့်ဝတ်ကာ ခါးပတ်ပါပတ်လိုက်သည်။

အနက်ရောင်ဆံပင်တွေကို သေချာပုံစံချကာ ဘယ်ဘက်နားတဖက်တွင် နားကပ်အသေးစားလေးတခုကောက်ဝတ်ပြီးတာနဲ့ အနံ့သင်းသင်းရေမွှေးတမျိုးကို စွတ်ကာ နာရီတလုံးအား ကောက်ပတ်လိုက်သည်။

ပြောင်ရှင်းနေတဲ့ Jeonပုံစံဟာ 21ရာစုက မော်ဒယ်တွေ ထိုင်ငိုသွားလောက်အောင် ခန္ဓာကိုယ်အရွယ်စားနဲ့ ပဂတိရိုးရှင်းကြည့်လို့အဆင်ပြေတဲ့ ရုပ်ရည်သွင်ပြင်မျိုးပိုင်ဆိုင်ထားသည်။

အများကြီးမပြင်ဆင်ထားလဲ တမျိုးဆန်းကာ လောကမှာတခုတည်းရှိသောအသွင်ပြင်မျိုးလဲဖြစ်ပါသည်။

လိုချင်တာ ရအောင်ယူတတ်တဲ့ အပြတ်သားဆုံး ခံယူချက်မျိုးနဲ့Jeonက လောကမှာ သူမလုပ်နိုင်တဲ့ ကိစ္စမျိုးမရှိ မလုပ်လိုက်ရတဲ့ကိစ္စတွေလဲ မရှိချင်တာကြောင့် စေ့စပ်ပွဲကိုခေါင်းထဲကြာကြာမထည့်ထားခဲ့ လုပ်စရာရှိတာလုပ်လိုက်မည် ဒီလိုလက်တွေ့ကျတဲ့သူမျိုး။

ကျောင်းတက်ရမည်
ဘဝရဲ့အချိန်ဇယားတခုကို Jeon သေးသေးလေးမှအလွဲမခံ ကျောင်းတက်ရင်း အ်ိမ်မက်ကိုရှာဖွေကာ မလိုတာတွေကိုခေါက်ထားလိုက်မည်။

စေ့စပ်ပွဲအတွက် စကားပြောလာရင်သွားတွေ့လိုက်မည်
မေမေဖြစ်ချင်တာဖြစ်ရရင် သူဖြစ်ချင်တာတွေလဲ ဖြစ်လာလိမ့်မယ်
တန်တယ် မတန်ဘူး ခပ်ရှည်ရှည်တွေးနေမှာမဟုတ်ဘူးဆိုကာ Jeonဥိီးနှောက်အစားမခံနိုင်ဘူး။

Jeonသည် မျက်မှန်အနက်ထူထူကြီးတလက်ကို ကြယ်သီးတလုံးဖြုတ်ထားတဲ့ Shirtအင်္ကျီတွင်ချိတ်လိုက်ပြီး အိတ်တလုံးလွယ်ကာ Universityသို့ခြေလှမ်းစခဲ့သည်။

"ဟဲလို..."

"အင်း ထယ် ပြီးပြီလား.."

"အင်း JK ငါ့ကိုဝင်ခေါ် ကားကဘာဖြစ်လဲမသိဘူး Hyungကလဲ Companyအစောကြီးထွက်သွားလို့...."

"မင်းလို Artistတယောက်က ကားပျက်နေတယ်ဆိုတာက ကြားရဆိုးလိုက်တာထယ်ရာ...."

"ဘာဆိုင်လို့လဲ ကားကသူပျက်ချင်ပျက်တာကို Hyungသ်ိရင် သေချာတယ် ငါ့ကိုကျောင်းပေးသွားမှာမဟုတ်ဘူး...."

The Other Side Of LoveWhere stories live. Discover now