🔥☕28🥃🔥

4K 369 59
                                    

ကမ္ဘာကြီးရဲ့ပုံမှန်လှုပ်ခြားမှုတွေကရပ်တန့်ထားလို့မှမရတာ.....။

Jeonပျောက်နေတယ်ဆိုတဲ့သတင်းဟာ Companyကိုအကြီးကြီးရိုက်ခတ်လာခဲ့သည်....CEOဟာပြူးပြူးပြာပြာနဲ့မန်နေဂျာအစ်မကိုယ်တိုင်လဲ ယောက်ယက်တွေခတ်လို့နေသည်.....။

ရိသဲ့သဲ့သတင်းတွေကြောင့် IGနဲ့Twitterမှာ ပွက်လောရိုက်နေတဲ့ တစ်ကမ္ဘာလုံးရှိFansတွေဟာလဲ ဝေဖန်ထားမှုပေါင်းစုံနဲ့....အပြစ်တင်ဝေဖန်တာမျိုးတွေမဟုတ်ခဲ့ပါ ခန့်မှန်းနေတာတွေ စိတ်​​ဖြေသာနိုင်တဲ့အ​ကြောင်းရာတခုခုဆီသူ့တို့ကိုယ်တိုင်ကြိုးစားလမ်းလွှဲနေကျတာမျိုးပေါ့.....။

Jeonရက်တွေအကြာကြီးကြာတဲ့အထိ ဆေးရုံကVVIPအခန်းထဲကထွက်မလာခဲ့ပါ....ဆေးလာသွင်းပေးရင်စေ့စေ့စပ်စပ်ကြည့်နေတတ်ပြီး ဆေးရုံအုပ်ကလွဲရင် လူနာလေးကိုတလျှောက်လုံးဘယ်သူ့အထိမှမခံခဲ့ဘူး.....။

ရေပတ်တွေကိုယ်တိုင်တိုက်ပေးတယ် လက်သည်းရှည်မြန်တဲ့သူမလို့ တပတ်တခါကို ဂရုစိုက်သေချာလေးသန့်ရှင်းပေးကာ ကော်ဖီတခွက်နဲ့ညတွေဆိုလဲမအိပ်ခဲ့ဘူး.....။

စက်တွေကအသံတွေမြည်လာရင် ဆေးရုံအုပ်Dr,Parkဆီတိုက်ရိုက်ဆက်သွယ်ခဲ့တယ်.....။

Jeonမေမေက JiMinမာမီနဲ့အကြီးကျယ်ဆုံးပြသနာကိုနောက်ဆုံးတက်ပြီး Jeonမေမေဟာ လက်ထပ်ဖို့ကိစ္စကိုကလေးလေးသတိရလာရင် အဆင်သင့်ဖြစ်နေဖို့ပြင်ဆင်နေတာတွေကိုJeonကြားပေမဲ့ သိပ်လဲအာရုံရှိမနေခဲ့ဘူး.....။

သူသိတာ မျက်လုံးလေးတွေဖွင့်လာဖို့နဲ့ လက်ကလေးတွေကလှုပ်ခြားလာဖို့ပဲ....တိကျတဲ့နှလုံးခုန်နှုန်းအမှတ်ကိုသေချာမှတ်သားကာ တခုခုမူမမှန်တာနဲ့ တိတိကျကျစမ်းသပ်မှုတွေအဆင့်ဆင့်ပြုလုပ်ခိုင်းရင်း နေ့တွေညတွေဟာ အလုပ်တွေများနေခဲ့သည်.....။

ကမ္ဘာကြီးနဲ့အဆက်သွယ်လုံးလုံးပြတ်သွားကာ လက်ရှိမှာJeon Jung Kookဆိုတာဘာမှမဟုတ်တော့သလိုပဲ....။

သွေးကြောစိမ်းဖန့်ဖန့်တွေနဲ့ နှုတ်ခမ်းမွှေးခပ်စိမ်းစိမ်းလေးတွေက မျှော်လင့်ချက်တွေပဲ....အသက်ရှုသံတ်ိုးတိုးလေးကိုညတိုင်းနားထောင်နေခဲ့သည်....အိပ်ပျော်သွားတဲ့နေ့တွေရှိသလို တစ်ညလုံးမျက်နှာလေးထိုင်ကြည့်မိုးလင်းခဲ့ရတဲ့ရက်တွေကပိုများလာသည်.....။

The Other Side Of LoveWhere stories live. Discover now