"အကုန်မပစ်နဲ့ အဒေါ်ကြီး ပစ္စည်းတွေကျနော့်ကိုအရင်ပြကြည့်ကြည့်....."
"အရမ်းဟောင်းတာတွေတော့အကုန်ပစ်လိုက်တော့....အမှိုက်တွေရှုပ်တယ်"
"ဟုတ်ပါပြီ သားရယ် ဒေါ်လေးသေချာစ်ိစစ်ပါ့မယ်....စိတ်အေးအေးထားထိုင်နေ မတ်တပ်ကြီးလုပ်မနေနဲ့"
Jeonစံအိမ်ရဲ့6ထပ်မြောက်အခန်းကျယ်ကြီးသည် ပစ္စည်းအဟောင်းများသိမ်းထားသောနေရာဖြစ်ပြီး Jeonငယ်နဲ့အဆိုးငယ်ရဲ့ ကလေးဘဝကအမှတ်ရတွေရှာကြည့်လျှင် ထိုအထပ်တွင် တစုတစည်းတည်းတွေ့မြင်နိုင်ပါသည်.....။
ထူးချွန်တောက်ပသော 21ရာစုမင်းသားချောငယ်Jeonသည် အရည်ချင်းပေါင်းများစွာအား လက်ခံဂုဏ်ပြုပေးကျသော ဆုတံဆိပ်တပွေ့တပိုက်အား ထိုအခန်းရှင်း၍ အလှဆင်မည်ဖြစ်ကြောင်း အသိပေးလာတဲ့အခါ ခြံစောင့်ဦးလေးကလွဲရင် တအိမ်သားလုံးအခန်းရှင်းပေးနေရသည်.....။
"ပစ္စည်းတွေကတအားများတာပဲ...."
"များမှာပေါ့...သားတို့နှစ်ယောက်ပေါင်းပစ္စည်းဘယ်လောက်စုလိုက်သလဲ...တည့်နေတုန်းတူတူစု မတည့်ရင်အရွဲ့တိုက်စုခဲ့ကျတာလေ"
Jeonသည် ခါးထောက်ကာ အိမ်ဝတ်အဝတ်ပွပွတွေနဲ့ အဒေါ်ကြီးအား စူစူလေးလှမ်းကြည့်လာသည်....။
"သူပိုဝယ်တာပါ...ကျနော်ကမလိုအပ်ပဲဘာမှမဝယ်တတ်ပါဘူး....."
"သူလိုသမျှကိုလဲ သားကြီးပဲဒိုင်ခံဝယ်ပေးထားတာလေ မဟုတ်ဘူးလား....."
တိုလိမိုလိအရုပ်ပေါက်စလေးတွေကိုကိုင်ကာ အဒေါ်ကြီးသည် နှစ်လိုဖွယ်အပြုံးတွေနဲ့ သူ့ခြေသူ့လက်ထဲကြီးပြင်းလာရသူမို့ တခြားသူကိုလိမ်လို့ရချင်ရနိုင်ပေမဲ့ အဒေါ်ကြီးကတော့မဖြစ်နိုင်ပါ။
ပြသနာရဲ့အစ ပြသနာရဲ့အဆုံး အရာအားလုံးကိုအတွင်းကျကျသိခဲ့ရသူကိုး။
"အဲပိုက်ဆံတွေစုထားရင် ခုချိန်ကျနော်အေးဆေးနေပြီ....ခုတော့ ကိုယ်မွေးတဲ့မျောက်ကပဲ ကိုယ့်ကိုပြန်ခြောက်နေတာ....."
"သားငယ်ကအရွဲ့တိုက်တတ်တာလွဲရင် သိပ်လိမ်မာရှာတာပါ.....တခါတလေ သားအပေါ်အနိုင်ယူတတ်တာလေးကလဲ ချစ်လို့ချွဲတာပဲနေမှာ"