"ငါတယောက်ထဲဆိုမလိုက်ဘူးလို့ပြောပြီးပြီလေ....!!။
"ဒီလောက်ဆို မင်းလူစိတ်လေးဝင်လာလို့မရဘူးလား.....!"
ရဲစခန်းထဲ ခံဝန်ဘာညာထိုး နစ်နာသူတွေဘက်ကိုတာဝန်ရှိတဲ့အတ်ိုင်းဆောင်ရွက်ပေးပြီးနောက်....Jeonက အချုပ်ထဲက ဒုက္ခအိုးကိုလာဆွဲထုတ်ခဲ့သည်....။
Rain,Markနဲ့ Yoogiမပါရင်မထွက်ဘူးဟုဂျီတိုက်ကာ နံရံကပ်နေသူကိုJeonအတော်လေးချဥ်နေပြီဖြစ်သည်.....။
"မင်းကရော လူစကားနားမလည်တာလား လာမထုတ်နဲ့ငါ့အကြောင်းနဲ့ငါထားလိုက်လေ...."
Jeonကခပ်ကြိတ်ကြိတ်ပြောနေတာမှန်ပေမဲ့အဆိုးငယ်ကတော့ ကတ်ကက်လန် လာထုတ်ပေးတဲ့သူကိုရန်တွေ့နေခဲ့တာ.....။
"လိုက်သွားလေ JiMinငါတို့မိဘတွေလဲလာမှာပါ....ဖုန်းဆက်ထားပြီးပြီပဲကို အိပ်ရလဲတစ်ညပေါ့....."
အသေအလဲနားညီးတာရယ်....ခက်ထန်ထန်ရုပ်နဲ့Jeonရောက်လာတာရယ်ကြောင့် MinYoongiကတော့ မသိသလိုနေပေမဲ့ Rainတို့ကတော့ မြှားဦးမလှည့်လာစေရန် အမြန်ထွက်သွားစေချင်ပြီ....။
"မင်းတို့အိပ်ရမယ်ဆို ငါလဲအိပ်မှာပေါ့....ငါထားခဲ့စရာလား ဒီလူလေးတွေပဲရှိတာ"
"လိုက်မှာလား မလိုက်ဘူးလားတခွန်းပဲပြော JiMin ငါအားနေတာတော့မဟုတ်ဘူးနော်...."
"ဘယ်သူကမင်းကိုလာပေးဖို့ပြောခဲ့လို့လဲ.... "
"ငါလဲမေမေခိုင်းလို့လာတာပါ...သိပ်မေတ္တာရှိလို့တော့မထင်နဲ့ ငါစိတ်နဲ့ငါဆိုတပတ်လောက်တော့ အေးဆေးပစ်ထားတယ်...."
ထောင့်ကနေ လှမ်းကြည့်လိုက်သောမျက်လုံးတစုံသည် သာမန်လူသာဆိုနှစ်ညအိပ်သုံးရက်လောက်ဖျားသွားနိုင်ပါသည်....။
"ငါ့လူတွေပါ အကုန်ပါအောင်ထုတ်ပေးလေ....မင်းအစွမ်းစရှိနေရက်နဲ့ တမင်ကပ်သီးကပ်သပ်လုပ်နေမှဖြစ်မှာလား....."
"ရဲစခန်းကို Jeonအိမ်တော် မှတ်နေလား Park JiMin..!! ငါသဘောရှိတာအကုန်လုပ်လို့မရဘူး ဒါဥဒပေစိုးမိုးထားတဲ့နယ်မြေထဲမင်းရောက်နေတာ....."
မှိုင်းပြနေသောJeonသည် ည11နာရီကျော်ရဲစခန်းရောက်နေရခြင်းကို စိတ်အကြီးကြီးပျက်နေပါသည်....ချောချောချူချူပြန်လိုက်ရင်တောင် အဲလောက်ထိအပြစ်တွေမြင်နေမိမှာမဟုတ်ခဲ့....လူငယ်ပဲမှားတတ်တာမို့ စိတ်ထဲခွင့်လွှတ်ပေးဖို့ကို ပြင်ဆင်ထားပြီးသားဖြစ်သည်....။