"မင်းတို့ ငါ့ခိုင်းတဲ့အတိုင်း သေချာမလွဲ လုပ်လို့ အောင်မြင်ခဲ့ရင် ကြိုက်တာတောင်းဆိုလို့ရတယ် မလုပ်ဘူးလို့ မငြင်းနဲ့နော် မင်းတို့ တယောက်မကျန် ဒီကျောင်းက ပျောက်ခြင်းမလှ ပျောက်သွားရမယ်......"
ဆေးလိပ်ငွေ့တွေနဲ့ ကျောင်းသားလေး3ယောက်ဆီ မှုတ်ထုတ်ကာ ခပ်ကြိတ်ကြိတ် ခိုင်းစေမှုတခုသည် မခန့်မသင်ရင် လူတယောက်ရဲ့အသက်ဆုံးရှုံးသွားနိုင်တယ်ဆိုတာ လူဆိုးလေးက လုံးဝမစဥ်းစားခဲ့တာလား.....။
"လူမိသွားရင် ကျနော်တို့ ကျောင်းထုတ်ခံရနိုင်တယ်လေ အန္တရာယ်များတာမလို့ မလုပ်လို့မရဘူးလားကျန်တဲ့ဟာ ခိုင်းလို့ရတယ်လေ......"
"ဟုတ်..ဟုတ်ပါတယ် ဒါကတော့ ပြီးတော့သူက သာမန်လူမဟုတ်ဘူး....."
ဆေးလိပ်မီးကို နံရံမှာ ထိုးချေသတ်လိုက်ကာ ပန်းနုရောင်တွေနဲ့မှ မလိုက် ညစ်တီးညစ်ပတ် လုပ်ရပ်တွေနဲ့ ပြသနာရှာချင်နေသော လူဆိုးလေးသည် နှာဖူးကို လက်နဲ့တချက်သပ်ကာ တင်းမာသွားသော မျက်နှာသည် သာမန်ကျောင်းသားလေးသုံးယောက် နောက်သို့ခြေတလှမ်း ဆုတ်မိသည်အထိ ကြောက်စရာကောင်းနေသည်.....။
"မမြင်အောင်လုပ် လူတွေမသိအောင် ခိုးလုပ်ခိုင်းတာလေဆင်ခြင်တွေ မကြားချင်ဘူး လုပ်မှာလား မလုပ်ဘူးလား ရွေးခိုင်းနေတာလဲမဟုတ်ဘူး လုပ်ကိုလုပ်ပေးရမယ်....."
ပစ်ပေးလာသော ဒေါ်လာတွေချည်းပိုက်ဆံအထပ်လိုက် ချိန်းခြောက်မှုအပြည့်နဲ့ မျက်လုံးကျဥ်းကျဥ်းတွေကိုကြည့်ကာ ရှေ့က ကျောင်းသားလေးတွေ တံတွေးမြိုချနေရသည်....."
"သတင်းကောင်း မျှော်နေမယ်နော်....ဘာသတင်းမှ ထူးမလာရင်တော့ ငါ့လက်က လွတ်အောင်ပြေးဖို့ပြင်ထား ဒီငွေလောက်နဲ့ မင်းတို့ နိုင်ငံတော့မကူးနိုင်ပေမဲ့ ဘဝတော့ ကူးနိုင်တာမလို့ သတိထား ငါသွားပြီ....."
ရေသန့်ဗူးခွံတခုကို ခြေထောက်နဲ့ ကန်ကာ ကျောင်းနောက်ဖေး အဆောင်ဟောင်းကြီးထဲက ထွက်လာခဲ့သည်.....။
...........,
နောက်ဆုံးချိန်ပြီးသည်နဲ့ ကျောင်းသားတွေ အလျှိုလျှို ထွက်သွားကျပေမဲ့ Seokတို့ အုပ်စုကတော့ နောက်ဆုံးခုံတန်းမှာ ထိုင်လို့ကောင်းတုန်း.....။