"Hyungပြတ်နိုင်တာလဲမဟုတ်ပဲနဲ့ဗျာ ကလေးတွေပွဲကိုတက်ပေးရအောင်ပါ TaeမှာHyungပဲရှိတာလေ မလာရင်ဘယ်စ်ိတ်ကောင်းမလဲ ကလေးတွေအားငယ်နေမှာ....."
"တော်ပါ Joonရာ ငါ့စိတ် လာပြန်မဆွပါနဲ့"
Sundayလိုနေ့ဟာ လမင်းလေးက Companyအလုပ်ပိတ်ရက်မလို့ Joonieကိတ်မုန့်ဆိုင်လေးဆီ စက်ဘီးနောက်ခါးလေးဖက်လိုက်ရသော ရိုမန့်တစ်ဆန်ဆန်နေ့တွေပါပဲ။
တူညီတဲ့နေရာမှာ မတူညီတဲ့ကျွမ်းကျင်ပိုင်နိူင်ရာလေးတွေလုပ်ရင်း ဘဝကိုအေးဆေးဆုံးဖြတ်သန်းနေတဲ့ကိုရီးယားစုံတွဲလေးသည်အနောက်တိုင်းလူတွေကြားသိပ်ချစ်စရာပဲပေါ့။
"HoSeokကအတန်တန်မှာနေတာ Hyungကိုပြန်လာခဲ့ဖို့....."
"သူမျက်နှာမငယ်အောင်ထားနိုင်လို့ပဲငါ့ရင်ခွင်ထဲကနုနုထွတ်ထွတ်ကလေးလေးကိူဆွဲထုတ်သွားတာမဟုတ်ဘူးလားခုမှဘာလို့ပြန်ခေါ်နေတာတဲ့ အရှက်မရှိလိုက်တာ...."
"Hyungကလဲအဲလိုမပြောနဲ့လေ ကျနော်လိုအသက်ရွယ်တောင်မေမေ့ရင်ခြေစုန်ကန်Hyungနောက်လိုက်ခဲ့သေးတာပဲ သူတို့က ကလေးတွေလေခွင့်လွှတ်ပေးရအောင်ပါနော်......"
စက်ဘီးလေးသည်လမ်းမပေါ်တရွေ့ရွေ့နဲ့ နှစ်ပတ်တွေလဲလည်ခဲ့ပြီ Hyungဟာအလုပ်မရှိတဲ့ရက်တွေမှာပိုသိသာတယ် Taeကိုလွမ်းကြောင်းတခါမှထုတ်မပြောခဲ့ပေမဲ့လည်း သူသိပ်လွမ်းနေရှာခဲ့တာ....။
HoSeokဖုနိးတွေဆက်ရင် မသိမသာခိုးနားထောင်တတ်ပြီး Taeနဲ့ဖုန်းပြောချင်လားမေးရင် အိပ်ပျော်ချင်ယောင်ဆောင်ဆောင်နေတတ်တဲ့ကလေးဆိုးကြီးပဲရယ်။
"အများကြီးကောင်းပေးခဲ့ရတာငါပါJoon ခုမြင်ခုတွေ့သံယောဇဥ်လေးကိုငါ့ထက်သာမယ်ထင်လို့ပုန်ကန်သွားတဲ့ဟာ ငါကရောမာနမထားသင့်ဘူးလား....."
"Hyungတွေ့ချင်နေတာ ကျနော်သိတယ်လေ Hyungခိုးခိုးလွမ်းနေတာတွေမကြည့်ရက်တော့ဘူး....."
"မလွမ်းပါဘူး...."
ခါးစီကလက်ကလေးတွေပိုတင်းဖက်လာတယ် Hyungကိုကျနော်သိပ်ချစ်ခဲ့လို့ထင်တယ်အပြုမှုတွေကအစ ကျနော်အလွတ်ဖတ်တတ်နေတာမျိုး...။