🔥☕42🥃🔥

4.5K 323 66
                                    

"ပင်လယ်ရော ကောင်းကင်ရောပါအောင်ရိုက်နော်သေချာ......!"

"အင်္ကျီကြယ်သီးပြန်တပ်လိုက်အုံး Sexyကျလွန်းနေတယ်....."

ညနေဘက်လေး ဟန်းနီးမွန်းလို့သာဆိုရတယ်အထွေထူးသွားချင်တာလာချင်တာလို့လဲသိပ်မရှိပေမဲ့ အိပ်ရေးလေးဝကြည်လင်နေတဲ့အခါ အချစ်ရဆုံးသည် အင်္ကျီပြာပြာလေးနဲ့ဘောင်းဘီတိုအဖြူလေးဝတ်ကာ လမ်းလျှောက်ချင်တယ်ဆိုတော့ ကင်မရာတလုံးနဲ့Jeonလိုက်ပ်ို့ခဲ့သည်။

"နောက်တလုံးထပ်ဖြုတ်လိုက်ရမလား...."

ခြေထောက်ဖြူဖြူသေးသေးလေးတွေဟာ သဲသောင်ပြင်ကိုပင်မထိတထိနင်းကာပြေးလွှားပျော်ရွှင်နေပုံလေးကချစ်စရာ။

"မရိုက်ပေးတော့ဘူး စကားနားမထောင်ရင်....."

"အများကြီးချစ်ပေးပါ့မယ် လှလှလေးရိုက် Rainတို့ဆီလှမ်းကြွားချင်လို့....."

ကင်မရာအောက်ချ နေကာမျက်မှန်အဝါရောင်ကြီးနဲ့Jeonသည် လျှာနဲ့ပါးစောင်ထိုးနေပုံက အူတိုလို့ထင်သည်။

"လူတွေရှိတယ် ဘာလို့ခုန်ပေါက်နေတာလဲ ခါးတွေကပေါ်နေတယ်....."

အနောက်တိုင်းသားတွေ စုံတွဲတွေအများစုပါပဲ ဒီတိုင်းလာရောက်အပန်းဖြေတဲ့ကောင်မလေးတချို့လဲရှိနေကာ ကောင်းကင်ပြာပြာလေးလို ကြည်လင်နေတဲ့အပြာရောင်လေးကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။

"ငါကအိန်ဂျယ်လေးမလား အဲတော့လူတွေအထူးဆန်းဖြစ်တာပေါ့ကြည့်ပါစေ"

ခပ်ဝဲဝဲဆံပင်လေးကိုခါ ပိုလို့တောင်မြှောက်ကြွမြှောက်ကြွပိုလုပ်ပြနေသောအဆိုးလေးသည် တကယ့်ကိုသူပြောသလိုအိန်ဂျယ်လေးပါပဲ။

ခြေဖဝါးသေးသေးလေးနောက်ခြေဖဝါးအကြီးကြီးတွေနဲ့အမှီလိုက်ကာ လက်တဖက်နဲ့သိုင်းဖက်ရုံရင်ခွင်ထဲအံဝင်ခွင်ကျချစ်စရာလေး။

"ယောင်္ကျားလှလှလေးရထားတဲ့ဒုက္ခကလဲမသေးဘူး လက်ထပ်ပြီးလေစိတ်မချလေ....."

"လူတွေပိုကြည့်လာပြီ ဖက်မထားနဲ့ရှက်ဖို့ကောင်းနေတယ်....."

LGBTနဲ့မစိမ်းသက်သောအနောက်တိုင်းနိုင်ငံဖြစ်ပေမဲ့ ဒီလိုချစ်စရာကောင်းတဲ့အတွဲလေးကျသူတို့မျက်စိထဲတမျိုးလေးမို့ လူတွေသိပ်အာရုံရနေသည်။

The Other Side Of LoveWhere stories live. Discover now