"ကိုကိုဆီခိုးလာတာ....."
အပေါက်ဝလေးမှာ ရပ်နေကာနှုတ်ခမ်းလေးစူနေသော Taeသည် Seokဆီတတ်ိယအကြိမ်မြောက်ခိုးလာတွေ့ခြင်းပင်ဖြစ်သည်......။
"တယောက်ထဲလား ကိုကို့ကိုယ်တော့ကြိုမပြောဘူးကွာ လာခေါ်မှာပေါ့....."
ပါးလေးကိုဖျက်ကာSeokကချော့လိုက်တော့ ဝက်ဝံလေးပြုံးရှာသည်......။
"အဲလိုပဲ ကိုကိုအမြဲပြော ပြီးရင်Taeကိုဖုန်းတောင်ဆက်တာလဲမဟုတ်ဘူး....."
"ကိုယ်ဆင်ခြင်တာတွေကို မင်းမသိတာလဲမဟုတ်ပဲနဲ့ကွာ စိတ်မကောင်းအောင်....."
"ကိုကိုကဒီလောက်လေးပဲချော့ရသေး ငြိုငြင်နေတာလား....."
ပုခုံးပေါ်တင်ထားတဲ့Seokလက်ကို ဖက်ခနဲရိုက်ပုတ်ချကာ အညိုလုံးလေးကစကောက်သည်......။
"ငြိုငြင်ရပါ့မလား ဒီလောက်ချစ်လို့ ကိုယ်ဘယ်အခြေနေကိုမဆို သည်းခံပြီးနေနေတာလေ စိတ်သွားတိုင်းကိုယ်ပါရင် ကိုကိုမင်းအခန်းထဲတနေ့24ခေါက်လောက်ရောက်နေမှာ......"
"တနေ့လုံးကို ဘာလို့24ခေါက်ပဲလဲ....."
"တခေါက်ကို1နာရီလေ 24နာရီပဲရှ်ိလို့24ခေါက်နဲ့တော်လိုက်တာ....."
"အပိုတွေ လူလိမ်....."
"မလိမ်ဘူး ကိုကို့နှလုံးသားကိုတိုးတိုးလေးမေးကြည့်....."
အထိတွေ့လေးတွေဟာ တကယ့်နူးနူးညံ့ညံ့လေး သွယ်လျလှတဲ့Taeလက်ချောင်းလေးတွေကိုတွေ့တိုင်းဆုံတိုင်းတင်းတင်းလေးဆုပ်ကိုင်တတ်ပေမဲ့ ခပ်ဖွဖွလေးဖက်ဖို့ကိုတောင်Seokက တွန့်ဆုတ်နေတတ်တာမျိုး.....။
စိတ်ကူးနဲ့တောင်ယဥ်ကြည့်လို့ခက်လှတဲ့ ရှားပါးမျိုးစိတ်လေ.....လက်ဝယ်ပိုက်ဖို့ သူကံကောင်းစွာကံပါလာလဲ Taeနဲ့ပတ်သက်လာလျှင် သူထူးဆန်းလွန်းစွာ သူ့ကိုယ်သူပင်မကြည်ဖြူခဲ့ပါ....ဥယာဥ်မှုးနှမြောတာလဲမပြောနဲ့ Taeက တစ်ကမ္ဘာမှာ တပွင့်တည်းပွင့်တဲ့ပန်းလေးတပွင့်လို အဖိုးထိုက်လွန်းပါသည်......။
"6months anniversaryပါ ကိုကို....."
"မှတ်မိနေတာလား....."
"Taeက ကိုကိုနဲ့ပတ်သက်သမျှအကုန်အလေးနက်ထားပြီးသား ဘာလဲကိုက်ိုမေ့နေတာတော့မဟုတ်ဘူးမလား မြန်မြန်ဖြေနော်....."