"ကျနော် ကျောင်းပိတ်ရက်တွေမှာ ဟင်းချက်တာတွေလေ့လာနေတာနဲ့အတော်ပဲ Hyungကိုကြည့်ရတာတကယ်အနုပညာဆန်တယ်....."ပါးချိုင့်တွေနဲ့တက္ကသိုလ်ပါမောက္ခချုပ်ကြီးသည် Apronလေးနဲ့ချစ်စရာကောင်းနေသော ထိပ်တန်းစီးပွားရေးရှင်လေးရဲ့ မီးခိုးချောင်ဝင်ချက်ပြုတ်နေပုံလေးဟာ မြင်ဖူးသမျှထဲJoonအတွက်အထူးဆန်းဆုံးလေးဖြစ်နေခဲ့ပါသည်.....။
"လေ့လာနေရုံနဲ့မပြီးဘူးလေ လေ့ကျင့်ဖို့လဲလိုတယ်ဒါကမြန်မြန်တတ်ဖို့အခွင့်ရေးတခုပဲ ငါကဟင်းချက်ရတာဝါသနာပါလို့ ဝါသနာတူတွေနဲ့တွေ့ရင်လဲပျော်တယ် တူတူချက်ကြည့်မလား....."
Taeနဲ့နှစ်ယောက်ထိပ်တိုက်တွေ့တဲ့အချိန်တွေမှာ တင်းမာလွန်းသောခပ်ချောချောမျက်နှာလေးသည် ဝါသနာပါတာလေးကိုစိတ်ပါလက်ပါလုပ်နေရာမှာတော့ ဖက်ထားချင်အောင်Sweetလွန်းပါ၏.....။
"ချက်ကြည့်လို့ရလား ဟိုကျနော်တခါမှတော့မစမ်းသပ်ကြည့်ဖူးဘူး....."
တက္ကသိုလ်ပါမောက္ခဆိုပေမဲ့ ဦးညွှတ်ရာလေးရှေ့ကျ Sam Joonieက လက်ပိုက်မတတ်ရိုရိုသေသေလေး ပြောဆိုကာဆက်ဆံနေသည် လူကောင်းလူမွန်တွေရဲ့စံချိန်စံညွှန်းတွေကလဲ စီးပွားရေးရှင်ကြီးကိုသဘောတကျပြုံးစေပါသည်.....။
"ကြိုးစားကြည့်ပေါ့ ပျော်စရာကောင်းတယ်....."
"Hyungဆီကသင်ယူရမှာပေါ့....."
"လူကြီးမင်းလို့မခေါ်တော့ဘူးလား...."
ဟင်းချက်နေရင်းက လည်ပြန်ကြည့်ကာ လမင်းလေးသည် လူကြီးမင်းအသုံးနှုန်းပေါ်စိတ်ခုနေလားမသိပါ.....။
"လူကြီးမင်းလို့ခေါ်တာမကြိုက်လောက်ဘူးလို့ကျနော်ထင်လို့ပါ......"
"လူတိုင်းကိုအဲလိုပဲခေါ်တတ်တာလား....."
"Hynungကိုပဲခေါ်ဖူးတာပါ ခရမ်းချဥ်သီးလှီးထားတာလေးတွေလှတယ်....."
ချောမောလွန်းသောမျက်နှာနဲ့ လမင်းလေးစိုက်ကြည့်ကာမေးတော့ ပါမောက္ခချုပ် ပေါက်စလေးကသုံးစက္ကန့်လောက်သာပြန်ကြည့်နိုင်ပြီး ထက်ခြမ်းသာခြမ်းရသေးသောခရမ်းချဥ်သီးတွေကိုလက်ညှိုးထိုးပြနေသည်.....။