🦋 ကျေးဇူးတင်စာ 🦋

1.5K 139 59
                                    

ကျေးဇူးတင်စကားလေးနည်းနည်းပြောခဲ့ချင်လို့ပေါ့လေ။

TOSOLဟာ ကိုယ်ရေးချင်သလို ကိုယ်ရေးပြချင်သလို စိတ်လွတ်ကိုယ်လွပ်ရေးခဲ့မိတဲ့ဇာတ်လမ်းတခုဖြစ်လို့ စိတ်ကသိကအောက်ဖြစ်တဲ့အပ်ိုင်းတွေ အားမရနိုင်ခဲ့တဲ့ဇာတ်ကွက်တွေရှိရင်ဒီကနေစာဖတ်သူတ​ယောက်ချင်းစီက်ိုတောင်းပန်ပါတယ်။

ဇာတ်ကောင်တွေနောက်မလိုက်ပဲ ကိုယ့်ခံစားချက်နောက်ဇာတ်ကောင်တွေဆွဲခေါ်ရတဲ့အခါ တလွဲတချော်တွေဖြစ်သွားတဲ့အပိုင်းတွေလဲများခဲ့တယ်။

အဆိုးလေးက Jeonကိုချစ်တဲ့စိတ်ထက်အားကိုးနေမိတဲ့စိတ်ကပိုများနေခဲ့တာကြောင့် အဲစိတ်ကိုတွန်းထုတ်ချင်တဲ့အခါ ပြသနာတွေများခဲ့ပါတယ်။

မချစ်လို့ပြသနာတွေများခဲ့ရတာမျိုးမဟုတ်ပဲအချစ်လွန်လို့များခဲ့တဲ့ပြသနာတွေနဲ့အလွဲတွေက ဇာတ်လမ်းတခုလုံးပါသွားခဲ့တယ်ပေါ့ အပြင်ရောဇာတ်လမ်းထဲပါပြသနာတော်တော်များခဲ့ပါတယ်။

Jeon JiMinက Jeonကိုမချစ်မိချင်ခဲ့ပါဘူးချစ်လို့ချစ်မှန်းလဲမသိခဲ့ဘူး ချစ်မိမှာသေမတတ်ကြောက်လွန်းလို့ဆိုးတဲ့မိုက်တဲ့ဘက်မှာပိုအချိန်ကုန်သွားခဲ့တာပါ Jeonကိုချစ်ဖို့ထိုက်တန်တဲ့သူဒီကမ္ဘာမှာတ​ယောက်မှမရှိဘူးလို့သတ်မှတ်ထားခဲ့တာပါသူတောင်မှပေါ့။

Jeon JiMin Characterကို နားမလည်နိုင်ဖြစ်သွားကျမှာကို စာရေးသူတယောက်အနေနဲ့အရမ်းကြောက်မိခဲ့ပါတယ်။

စာဖတ်သူတွေရင်ထဲJeon JiMinက်ိုနည်းနည်းလေးပဲဖြစ်ဖြစ်နားလည်သွားအောင်ရေးပြနိုင်ခဲ့တယ်ဆိုရင်သ်ိပ်ကျေးဇူးတင်မိမှာပါ။

Jeonရဲ့ Characterကတော့အထွေးထူးသိပ်ပြောစရာမရှိပါဘူး....သူJeon JiMinအပေါ်ထားတဲ့မေတ္တာတရားက10သားကစ 23ကျော်အထိတသားတည်း တဖြောင့်တည်းပေးနိုင်စွမ်းမျိုးနဲ့သူပါ။

ချစ်သလောက်လဲချစ်ပြနိုင်ခဲ့တယ်လို့ထင်ပါတယ်....Jeon JiMinကြောင့် နိုင်ငံကျော်ဖြစ်ဖို့အခွင့်ရေးရခဲ့သလို Jeon JiMinအတွက်နဲ့ပဲ အရာအားလုံးစွန့်ဇာတ်မြုပ်ပေးခဲ့ရတဲ့ ပုံသွင်းရလွယ်ကူတဲ့ဇာတ်ကောင်လေးတခုလဲဖြစ်ပါတယ်။

The Other Side Of LoveWhere stories live. Discover now