🔥🥃12☕🔥

3K 281 25
                                    

မနေချင်ထွက်သွားလေဆိုတဲ့ မာကြောမှုတွေနောက်မှာ ထားခဲ့ခံရမှာကို သေမတတ်ကြောက်နေတဲ့ အပျော့စားယိုင်နဲ့နဲ့စိတ်စွမ်းအင်တချို့ရှိတယိ......။

မလိုအပ်ဘူးလို့ အာခေါင်ခြစ်အော်တတ်ပေမဲ့ အနားနားမှာ နွေးနွေးထွေးထွေးလေးဆက်ဆံပေးလာရင် လူဆိုးတွေလဲ သဘောခွေ့တတ်တာပဲလေ.....။

Supermanအရုပ်တွေကို ကြိုက်ခဲ့တာ ပုံပြင်တွေမှမဟုတ်ခဲ့တာ ဘဝရဲ့အစိတ်ပိုင်းတချို့မှာ သေသေချာချာအထိနာခဲ့တော့ ဘဝရဲ့ဘယ်အစိတ်ပိုင်းကိုမှ ထပ်ပြီးနာကျင်ဖို့ ခွင့်မပြုပေးနိုင်တော့လို့ တလောကလုံးကို အနိုင်ယူချင်ခဲ့တာ....ကျနော်လွန်မနေပါဘူး နည်းနည်းလေးမှလွန်ပါတယ်လို့ကို ခံစားမနေရဘူး.....။

ဘယ်သူ့ဘက်က ကြည့်လို့မှားမှား ကျနော်ဘက်က ကြည့်လို့မှန်တယ်လို့ ခံစားရရင် Okပြီပဲ ဇာတ်အိမ်တွေ တဖက်စောင်းနင်းနိူင်သွားနိုင်ပေမဲ့ ကျနော်က ဗီလိန်ထက် မုန်းစရာကောင်းတဲ့ ဇာတ်ရုပ်နေရာမှာပဲနေလိုက်မယ်.....ဘီလူးခေါင်းစွပ်ထားတဲ့ ရွှေမင်းသားပဲဆိုပါတော့။

............,

ပြိုင်ကားပေါ်က ကြွကြွရွရွဆင်းလာခဲ့သော ခြေလှမ်းတွေသည် မိုးကောင်းကင်ကိုတောင် ဒူးနဲ့ပစ်တိုက်လိုက်နိုင်သော အရှိန်ဝါအပြည့်ဖြင့်......။

Limited Editonဖြင့် ထုတ်ရောင်းသော ဝမ်းနဲ့မလွယ်ရုံတမယ် မားရဲ့Product နေကာမျက်မှန်အဝါရောင်ကိုပင့်တင်လိုက်ပြီး ကောင်မလေးရဲ့ လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ဆိုးလ်မြို့ရဲ့အထင်ကရသော 5ထပ်အဆင့်ဆင့်ရှိသော Shoppingmallကြီးရှေ့ ခြေချခဲ့သောJiMinရဲ့ ​​ခြေလှမ်းတွေသည် သေချာပေါက် ပေါ့ပါးနေခဲ့သည်.....။

ကိုယ်တိုင်က ခေါင်းအစခြေအဆုံး အိမ်ကမင်းသားကောင် ရှုံးအောင် ပြင်ဆင်နေတတ်ပေမဲ့ နှစ်ကုန်ရင် Debutတော့မဲ့ ချစ်သူကောင်မလေး Honeyသည် Hoodieတထည်နဲ့ အမြဲအောက်နေခဲ့သည်.....။

အီလည်လည်နဲ့ သူငယ်ချင်းတွေ ဝိုင်းထိုးမြှောက်ပင့်ပေးမှုကြောင့်သာ တွဲဖြစ်သွားတာ လက်ရှ်ိမှာ Honeyသည် စိတ်သက်သာမှုကို အကောင်းဆုံးပေးစွမ်းနိုင်တဲ့ တဦးထဲသောသူဖြစ်ပေမဲ့ နည်းနည်းတော့ ပျင်းစရာကောင်းနေခဲ့သည်.....။

The Other Side Of LoveWhere stories live. Discover now