အပိုင်းတွေပြင်ပြီးပြန်Updateလုပ်နေတာဖြစ်လို့ Notiတွေအနှောင့်ယှက်ဖြစ်ရင် Unထားလို့ရပါတယ်🤍
"သေးသေးသိမ်သိမ် အထိနာမှုတွေမဟုတ်ခဲ့တော့ နောက်တခါဆိုတဲ့ တွေးကြောက်မှုတွေနဲ့ တခါတလေ လူဆိုးကြီးကိုဖြစ်ရတယ်....."
"အရာရာကိုအနိုင်လိုချင်စိတ်များနေတဲ့အတ္တ နောက်မှာ ကြီးကြီးမားမားဆုံးရှုံးမှုတွေရှိကောင်းရှ်ိနိုင်တယ်....."
"အိမ်မက်ဆိုးတွေ ရှ်ိခဲ့တယ်....မသိတဲ့သူတွေက ကျနော့်ကိုဆိုးလိုက်တာတဲ့ အပေါ်ယံဝေဖန်မှုတွေ သိပ်စိတ်ကုန်စရာကောင်းတာပဲ......"
...........,
အနက်ရောင်Shirtကို စတိုင်ဘောင်းဘီအပွအသားရောင်လေးနဲ့ တွဲဖက်ကာ နှာဖူးပြေပြေကို ပြောင်ရှင်းနေအောင် သပ်တင်ထားသော Seokသည် ကျောင်းသူလေးတွေရဲ့ လည်ပြန်အကြည့်ကို ရနေမှန်းသိတာကြောင့် ကျောင်းကော်ရစ်တာတွင် လျှောက်နေသော ခြေလှမ်းတွေသည် ကြွရွလွန်းလို့ မြေကြီးနဲ့ပင် မထိတချက် ထိတချက်....။
MinYoonGiက နောက်ဆုံးကနေ ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်နှိုက်ကာ ရေပြင်ညီလိုမျက်နှာသည် ဘယ်သောအခါမှပြုံးရယ်ခြင်းမရှိ....။
Rainနဲ့Markက အလယ်ကနေ လျှောက်နေ ကာ Seokတယောက်ထဲက အရှေ့ဆုံးကနေ ခပ်မြန်မြန်လျှောက်နေခဲ့သည်......။
"အလှူအိမ်သွားတဲ့ခြေလှမ်းတွေ ကျနေတာပဲ Seokရာ စောင့်ပါအုံး Yoongiက ဟိုအနောက်မှာ ကျန်နေခဲ့ပြီ....."
"မစောင့်နိုင်ဘူး ငါအဲကောင်ကို မြန်မြန်တွေ့ရမှ ဖြစ်မယ်....ပြောတော့ ရိုးရိုးသားသားတဲ့ ငါတို့ကို ပလစ်ပြီး အနုပညာဆောင်ဘက်ကြီးပဲ သဝေထိုးနေတာ ကြည့်မရတော့ဘူး...."
JiMinသည် အခုတလော အနုပညာဆောင်ဘက် အခြေချနေကာ Seokတို့နဲ့တောငိ အချိန်မဖြုန်းနိုင်ပဲ Honeyဆိုတဲ့ ကလေးမနဲ့ တတွဲတွဲလုပ်နေကာ ကျောင်းမှာလဲ ဘာတွေလဲဆိုတဲ့ မျက်လုံးတွေကိုရနေသည်.....။
ကျောင်းရဲ့မျက်နှာဖုံးအဆိုးလေးMinနဲ့ အေးအေးဆေးဆေး Trainee ဘိုမရုပ်လေး Honeyတို့ရဲ့ ပတ်သက်မှုကို အကဲခတ်နေကျသော လူတွေထဲ စူးစမ်းနေတဲ့ မျက်လုံးတွေထဲ သူငယ်ချင်းအရင်းကြီးတွေပါ ပါနေခဲ့သည်.....။