"ဘယ်မှသွားမရဘူး Kim Taehyung...."
"ဒီနေ့စာမေးပွဲနောက်ဆုံးရက်Hyung ကျနော်ကျောင်းသွားတက်မှာ ဘာလို့ထပ်တလဲလဲဒီစကားတွေပဲပြောနေတာလဲ ကျနော်ခေါင်းသိပ်ရှုပ်တာပဲ....."
ကိုယ်ပိုင်ကားနဲ့ကိုယ်တိုင်မောင်းတာရှာပြီး အပြင်အလည်ပတ်အထွက်နည်းတဲ့ တခုတည်းသောနှလုံးအိမ်လေးက ရှိုးအပြည့်နဲ့နေ့တိုငိးနေ့တိုင်း အလုပ်တွေတောင်ပစ်ပစ်ခဲ့ခြင်းကြောင့် အကိုဖြစ်သူဟာ သတင်းတွေလှမ်းထောက်ခဲ့သည်.....။
အတိကျဆိုတဲ့အခြေနေမဟုတ်ပေမဲ့လည်း သဲ့သဲ့ကြားလိုက်ရတဲ့သတင်းဟာ အကိုဖြစ်သူရင်ထဲနွေလိုမီးလို.....။
ခေါင်းအစခြေအဆုံး သက်ရှိကော်ပတ်ရုပ်ကလေးဟာ နေ့တိုင်းတက်တက်ကြွကြွရှိနေတာဟာ ပြသနာဖြစ်နေခဲ့သည်....။
"စာမေးပွဲမအောင်လို့ဘာမှဖြစ်မသွားဘူး ယောင်း မင်းကိုကျော်ပြီးပညာရေးဟာ ပထမဦးစားပေးလဲမထားနိုင်ဘူး ငါသတင်းတွေကြားတယ်နော် Kim Taehuyng မင်းကိုမင်း သိပ်လည်လှတယ်မထင်နဲ့....."
စာမေးပွဲနောက်ဆုံးရက်မို့ Taeက Seokနဲ့Dateလှလှလေးစီစဥ်ပြီး Planတွေဟာ ပျော်စရာတွေကြီးတွေးထားပေမဲ့ မချောမွေ့တဲ့လက်တွေ့မှာ ဆံပင်လိမ်လိမ်တွေကိူထိုးဖွစိတ်ရှုပ်နေရသည်.....။
Kim Taehyungကဘာကြီးမလို့ဆိူတဲ့ ခေါင်းစဥ်ခပ်ကြီးကြီးဖြစ်တည်မှုတခုအောက်မှာ အချစ်ရေးဟာထင်ရာစိုင်းပစ်လိုက်ဖို့မလွယ်ကူတဲ့အခါ တိုက်ခန်းသေးသေးလေးက အချစ်နိဗ္ဗာန်ဘုံလေးဖြစ်ခဲ့သည်.....။
Kim Taehyungဆိုတဲ့ စာလုံးသုံးလုံးကို Kim SeokJinက world wideမှာ စာလုံးကြီးကြီးရေးထိုးဖို့ကြိုးစားနေလဲ အညိုရောင်လေးကတော့ နံရံပေါ်က Kimဆိုတဲ့သေးသေးနုတ်နုတ်စာလုံးလေးအပေါ် အစွဲလမ်းကြီးခဲ့သည်......။
"Taeကလေးမှမဟုတ်တာပဲ Hyung....."
နာရီကြိုးလေးကိုလျှော့ကာ ခပ်ဆောင့်ဆောင့်ဖြေလိုက်ပုံသည် Taeကြီးပြင်းလာမှုမှာ ဆိုးလာတဲ့အကျင့်ကလေးတွေ.....။
Kimအကိုကြီးဟာလဲ အလုပ်သွားမဲ့အရေးတွေမေ့ကာ လှောင်အိမ်ထဲကငှက်ကလေး ပြေးထွက်သွားမှာကြောက်နေပြီး ချော့လိုက်ခြောက်လိုက်တွေဟာ Taeအရွယ်ရောက်လာပြီးနောက်ပိုင်းသိပ်အဆင်မပြေတော့.....။