"ကပ်နေမယ်ဆိုရင်တော့ နေလို့ရပါတယ် မေမေပြန်လာတဲ့အထိငါနေပေးမယ်လေ....."
မွေ့ယာပေါ် ကန့်လန့်ဖြတ်မှောက်ကာမေးထောက်ရင်း ဖြေရှင်းခိုင်းနေသူအဆိုးငယ်သည်ဆူပုတ်လို့နေ၏.....။
"ကပ်နေရအောင် ငါကလမ်းဘေးကကောင်လား....."
ပစ်ပေါက်ချင်နေတာကခေါင်းအုံးနဲ့ဆိုပေမဲ့ပျင်းတာကြောင့်အဆိုးငယ်ကမျက်စောင်းတွေနဲ့ပဲပစ်နေခဲ့သည်......။
"လမ်းဘေးကကောင်မဟုတ်လို့ငါမျှသုံးဖို့ပြောနေတာလေ အဲလိုမဟုတ်ရင်ငါဖယ်ပေးရမှာလား....."
"ငါကမျှသုံးရတာမကြိုက်ဘူး....."
"မေမေကိုဖုန်းဆက်ကြည့်ပါအုံး......"
"မင်းဆက်ပြီးပြီပဲကိုင်မှ မကိုင်တာကို....."
ပက်လက်လှန်သွားကာ မျက်နှာကျက်ကိုမော့ကြည့်နေပြီး ရင်ဘတ်ပေါ်လက်ကလေးနှစ်ဖက်ယှက်တင်ကာ သက်ပြင်းကိုစိတ်မရှည်လက်မရှည်ချနေသည်ကိုJeonသတိထားမိတော့လဲ အမေဖြစ်သူကိုပဲပြေးတွေ့ရန်ရှာလိုက်ချင်သည်.....။
"အဒေါ်ကြီးကိုသေချာမေးကြည့်ပြီးပြီလား....."
"သေချာမေးကြည့်ပြီးပါပြီဆို မင်းအထပ်နဲ့အောက်ကအလုပ်သမားတွေနေတဲ့နေရာကလွဲရင်အကုန်ပိတ်ထားတာတစ်လနီးနီးတောင်ရှိပြီတဲ့ သော့တွေအကုန်ကလဲမားဆီမှာ.....!"
"မေမေက ဘာဖြစ်စေချင်နေတာလဲ....."
"ဘဝကြီးကလဲခက်ခဲလိုက်တာ ရုတ်တရက်ယောင်္ကျားပေးစားခံရတယ် နေစရာပျောက်တယ် တခုပြီးတခု....."
"ငါ့အခန်းမှာနေပါ ကျယ်တယ်လေ....."
"မနေတော့ဘူး ငါHoSeokအခန်းမှာခဏသွားနေမယ် မားပြန်မလာခင်အထိ ငါမင်းကုတင်ပေါ်နှစ်ယောက် တူတူမအိပ်နိုင်ဘူး....."
ခေါင်းလှန်ကြည့်ကာ သူအဆင်မပြေကြောင်းပြောပုံကတောင် သူတပါးကိုထိပါးရိပါး.....။
"မသွားရဘူး....!!"
"ဘာလို့လဲ....ဘာလို့လာအော်နေတာလဲငါ့ကို"
"ဘာပဲဖြစ်ဖြစ်မသွားရဘူး ငါခွင့်မပြုဘူး....!"
"နေပါအုံး ငါသွားနေဖို့ကမင်းဆီကဘာလို့ခွင့်ပြုချက်လိုတာလဲ....."