နေ့လည်11နာရီ ထယ်သည် မှန်ရှေ့တွင် နှုတ်ခမ်းက သွေ့စို့နေတဲ့ ဒဏ်ရာကို ပလာစတာ သေးသေးလေးတခုနဲ့ လုံအောင်ကပ်လိုက်သည်......။
ခေါင်းတခုလုံး အရိုက်ခံထားရသလို ကိုက်ခဲနေသည်....ညက Club ထဲရောက်သွားပြီး ဘယ်သူနဲ့ရန်ဖြစ်ခဲ့လဲ ထယ်မမှတ်မိ အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင် ထယ်မသိတာကြောင့် ပိုခေါင်းခဲရသည်......။
Hyungမဟုတ်ရင် JKပေါ့ ကျနော့်ဘဝမှာ ရှိသည့် သက်ရှိနှစ်ဦး.....။
ထယ်သည် အဖြူအပေါ် အမဲရောင် အဆက်ပြောက်တွေအလှဖော်ထားတဲ့ Shirtအကျီနဲ့ အည်ိုရောင် ဘောင်းဘီခပ်ပွပွကို ဝတ်ကာ Jeonနဲ့ သွားတွေ့ရန်ပြင်နေသည်.....။
ညက ဘာတွေဖြစ်လာလဲ Hyung သိရငိရော ဘာဖြစ်ဖြစ်လေ Hyungဘက်ကမှ အလေးနက်မထားရင် ကျနော်ကလဲ ကိစ္စတိုင်းကို အထူးလေးနက်မပေးနိူင်ပါ.....။
Kim Tae Hyungတို့က ညီအကိုဆိုသော်ငြား မာနကြီးပါသည်......။
ထယ်သည် ခြောက်ခါစဆံပင်လိမ်လိမ်လေးတွေကို အရှေ့သို့ ဝဲခါချပြီးနောက် Maskတခုယူကာ မေးတွင်ချိတ်ထားလိုက်သည်......။
ဒဏ်ရာနဲ့မှ လူက ပိုမိုက်နေသလိုပဲ... Kim Tae Hyungတို့လဲ ပစ်စလက်ခတ် ပစ်ချောနေရတာ နည်းတဲ့ကုသိုလ်တွေလား ဘုရားပေးတဲ့ဆုတွေ မတောငိးပဲပြည့်လာတဲ့ ချောမောခြင်းတွေ.....။
ခေါင်းအစ ခြေအဆုံးတချက်ကြည့်ပြီးနောက် အများကြီးစိတ်တိုင်းကျသွားပြီမို့ အဖြူရောင် ကွင်းထိုးဖိနပ်လေးကို ရွေးထုတ်ကာ စီးလိုက်သည် ခြေအိတ်တော့မဝတ်ဖြစ်.....။
ထယ်က လွတ်လွတ်လပ်လပ်ပဲနေရတာ ကြိုက်တယ်....။အိပ်ယာဘေးစင်ပေါ် စနစ်တကျ ချထားပေတဲ့ ဖုန်းနဲ့ကားသော့လေးကြောင့် ထယ်တွေခနဲ.....။
ပစ္စည်းတွေ စည်းစနစ် ကျကျနန ရှိတာတွေ့ရရင် နှစ်ယောက်မရှိတဲ့ Jin Hyung မျက်နှာတခုသာ အတွေးထဲ ပေါ်လာတတ်သည်......။
"Hyungများလား....."
အတွေးများမနေတော့ပဲ ကောက်ယူကာ အခန်းထဲမှ ထွက်လာခဲ့သည်.....။
ခြေအိတ်လွတ်နေတဲ့ ခြေဖဝါးနုနုလေးတွေသည် Kimအိမ်တော်ရဲ့ လှေကားတွေအတိုင်း ပြေးဆင်းလာပြီး ဧည့်ခန်းထဲ ထိုင်နေတဲ့Jin Hyungကိုမြင်လိုက်ချိန် ထယ့်ခြေလှမ်းတွေ အရှိန်လျှော့သွားသည်......။