"အဒေါ်ကြီးဘယ်လဲ...."
ရေကူးပြီးပြန်လာတည်းက ညကအဝတ်တွေပြန်ဝတ်ကာ ဧည့်ခန်းထဲ Bamနဲ့အတူတူကြမ်းပြင်ပေါ်အိပ်နေသော JiMinသည် ညနေဘက်အထိလဲ ထိုပုံစံအတိုင်းပဲ.....။
အစအနကြားထားရသော အိမ်သားတွေသည် ဒီနှစ်ယောက်ရန်ဖြစ်ထားသောအချိန်မျိုးဆို ပုံမှန်ထက်အနေထိုင်ဆင်ခြင်ရကာ သူ့ရှေ့ဖြတ်မလျှောက်မိလေ ကောင်းလေဟုအသိထားထားကျသည်.....။
ပုံမှန်အခြေနေတွေဆိုပေမဲ့ သူတို့ရန်ဖြစ်ထားသောအစိတ်ပိုင်းတွေကို မည်သူမျှမလိုလားကျ နေရထိုင်ရကြပ်လွန်းရသည်.....။
အခုလဲ အိမ်အကူအဒေါ်ကြီးအရိပ်ကလေးမြင်လိုက်ရုံနဲ့ ငေါက်ခနဲထထိုင် စစ်ဆေးရေးစဝင်လာသည်....။
"ဂျွန်ငယ်လေး ဖျားနေတယ်ပြောလို့ အဲဒါဒေါ်လေး ဆေးသွားပေးမလို့လေ သားငယ်လေး....ဘာလို့လဲ ဗိုက်ဆာလို့လား ဗိုက်ဆာရင်ခဏပဲစောင့် ဒါပို့ပြီး....!"
"မဆာဘူး....."
စကားပင်ဆုံးအောင်နားမထောင်ပဲ ခပ်ဆောင့်ဆောင့်ဖြေကာ အဒေါ်ကြီးဆီJiMinလျှောက်လာခဲ့သည်....။
"တခြားလုပ်စရာဘာရှိသေးလဲ....."
"လုပ်စရာတွေတော့ရှိတယ် ဒါပေမဲ့ ဆေးအရင်သွားရမယ်လေ ကျန်တာပြီးမှ...."
ဆူပုတ်နေရင်တောင် Park JiMinဖြစ်လို့အပြစ်ကင်းပါသည်....ဆံပင်ဝါဝါလေးတွေကလွဲရင် ခေါင်းအစခြေအဆုံးအဖြူရောင်တွေနဲ့ သိပ်လှလွန်းသော ဖြစ်တည်မှုသည် Jeonစံအိမ်ရဲ့Mainတယောက်ဖြစ်ခဲ့ပါသည်....။
သူ့အလိုအပ်ဆုံးအရာတခုဆုံးရှုံးရင် ဆုံးရှုံးခဲဲ့ရတယ်ဆိုရင်တောင် သူပြန်ရခဲ့သောအရာအားလုံးဟာ အကြီးမားဆုံးနှလုံးသားတွေဖြစ်ခဲ့တာကြောင့် နာကျင်မှုတွေကိုဖယ်ကြည့်တတ်ရင် ဒီကလေးဟာ ကမ္ဘာမြေပေါ် လူဖြစ်ရကျိုးအနပ်ဆုံးသူဖြစ်နေခဲ့သည်.....။
ဆိုးနေရင်တောင် တထစ်ချသူဆိုးနေပါတယ်လို့ ဘယ်သူမှဘောင်ခတ်ခွင့်မရှိ ဘယ်လောကတရားမှ Park JiMinရဲ့အရာအားလုံးကိုကန့်သတ်ခွင့်ရှိ အခွင့်ထူးခံလူတန်းစားတယောက်အဖြစ် Jeon မိသားစုက စိတ်ကြိုက်နေထိုင်နိုင်ခွင့်ရှိသော ဘဝမျိုးကိုပေးထားခဲ့သည်.....။