[Unicode]
"ယွင်ရိရှန်း"
လမ်းတစ်လျှောက် ခြေသံနှစ်စုံ၏ပဲ့တင်ထပ်သံမှတစ်ပါး တိတ်ဆိတ်နေချိန် ခေါ်သံတိုးတိုးက လေထုကို လှုပ်ခတ်သွားစေ၏။ ယွင်ရှီး စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချမိသည်။
"ကိုယ်တောင်းဆိုတာကို တကယ်ပဲ မစဥ်းစားပေးတော့ဘူးလား"
နောက်တစ်ကြိမ် မေးခွန်းထုတ်လာသည့်အခါတွင်တော့ သူနေရာမှာပဲ ခြေစုံရပ်လိုက်မိတော့၏။ ယွင်ရှီးက ရပ်တန့်သွားတော့ တစ်ဖက်လူကလည်း ခြေလှမ်းတို့ကိုသိမ်းဆည်းလိုက်ကာ သူ့ကို ငုံ့မိုးကြည့်လာသည်က အဖြေကိုစောင့်ဆိုင်းနေဟန်။
"ဥက္ကဋ္ဌချန် ကျွန်တော် ဘယ်နှခါပြောရမလဲ။
ဆေးရုံအလုပ်ကလည်း ရှိသေးတာမို့..""မင်း ကိုယ့်ကိုညာတယ်"
ရုတ်တရက် ဖြတ်ပြောလာသူကြောင့် ယွင်ရှီးပြောလက်စ စကားလုံးတို့ မပြီးဆုံးနိုင်ဘဲ ပြတ်တောက်သွားရသည်။ ဒီလူက ဘာကိုဆိုလိုချင်ပြန်ပြီမသိ။
"မင်း ချောင်ကျီကို ကတိပေးထားတဲ့ စေတနာ့ဝန်ထမ်းကာလသုံးလက နောက်အပတ်ဆို ပြည့်တော့မှာပဲကို။ ပြီးရင် အက်ဒင်ဘရာကို ပြန်သွားမှာပဲ မဟုတ်လား"
လွှမ်းမိုးချုပ်ကိုင်လိုသည့် မျက်ဝန်းနက်တို့က ယွင်ရှီးမျက်ဝန်းတွေထဲကို စူးစူးစိုက်စိုက် ငေးကြည့်ကာ ပြောလာသည့်အချိန် ကိုယ်ကိုယ်တိုင်လည်း မည်သို့တုံ့ပြန်ရမည်ကို မသိတော့ဘဲ မျက်စိရှေ့ကလူကိုသာ တအံ့တသြငေးမောနေမိတော့သည်။ သူက ယွင်ရှီးနဲ့ပက်သက်ပြီး ဘယ်အတိုင်းအတာအထိများ စုံစမ်းထားသလဲ မတွေးတတ်ပါချေ။
တကယ်ကိုပဲ သတင်းတွေအတိုင်း ချန်မိသားစု၏ ကွန်ရက်ကျယ်ပြန့်မှုက လက်ဖျားခါလောက်ပါပေသည်။ ကမ္ဘာတစ်ဖက်ခြမ်းက သူစိမ်းလူတစ်ယောက်၏ အကြောင်းအရာအလုံးစုံကိုတောင် အချိန်တိုအတွင်း ရယူထားနိုင်ပါသတဲ့လေ။
"ဥက္ကချန်က သိပ်ကို ချီးကျူးဖို့ကောင်းတာပါပဲ။
ကျွန်တော် တကယ် အံ့အားသင့်မိပါတယ်"ယွင်ရှီး ခပ်ရွဲ့ရွဲ့ပြောရင်းသာ သူ့ကို နေရာ၌ ချန်ထားရစ်ခဲ့ပြီး ခပ်လှမ်းလှမ်းတွင် မြင်နေရပြီဖြစ်သည့် အိမ်ကလေးဆီသို့ လျှောက်ခဲ့တော့သည်။ အဲဒီလူက ယွင်ရှီး အခုနေနေတဲ့အိမ်ကိုတောင် ချောင်ကျီက ရှာထားပေးတာမှန်း သိချင်သိနေလိမ့်ဦးမည်သာ။

ВЫ ЧИТАЕТЕ
Yī Shēng Yī Mèng [一生一梦]
ФанфикThere is a concealed heart inside that person like the hidden mansion in the pine forest. Dear you, Let me heal your wounds and scars in your heart. Forevermore, I'll be the only one dream of your life. . . . This work is a feiyunxi fanfiction. Na...