အခန်း (၂၂) မဖိတ်ခေါ်ထားသည့် ဧည့်သည်

204 31 28
                                    

[Unicode]

မျက်နှာနှစ်ခု၏ နီးကပ်နေခဲ့မှုက မှေးယှက်သွယ်စင်းနေသည့် မျက်တောင်စိပ်စိပ်တွေကိုပင် တစ်မျှင်ချင်း ရေတွက်၍ရနိုင်သည်အထိ။

ပါးပြင်ပေါ်၌ ယခုထိတိုင် ခံစားမိနေသေးသည့် နူးနူးညံ့ညံ့ နှုတ်ခမ်းလွှာတွေရဲ့ အထိအတွေ့။

ခါးတစ်ဝိုက်ကို ခပ်တင်းတင်း ဖက်တွယ်ထားခဲ့သည်က သွေးကြောစိမ်းတွေယှက်ဖြာနေသည့် သန်သန်မာမာလက်ဖျံတွေ။

ညံ့သက်အိထွေးသည့်အထိအတွေ့နောက် ခန္ဓာကိုယ်ထဲစီးဝင်လာသည့် အနွေးဓာတ်ငယ်ကြောင့် မြန်ဆန်လာခဲ့ပါသည့် နှလုံးခုန်သံတို့က ထိန်းမရချုပ်မရ။

တောင့်တင်းသည့်ပခုံးနှစ်ဖက်ကို တွန်းဖယ်ရင်း
အထိတ်တလန့်ရုန်းပစ်ဖို့ ကြိုးစားမိသော်ငြား ပိုကာတင်းကြပ်သွားသည့် ပွေ့ဖက်မှုနောက်တွင် အချည်းအနှီးဖြစ်ခဲ့ရသည့် အားထုတ်မှုတွေ။

"ယွင်.. လွမ်းနေခဲ့တာ"

လစ်ဟာသွားသည့် အထိအတွေ့အဆုံး ပါးပြင်ပေါ်ထိခတ်လာသည့် ဝင်သက်ထွက်သက်ငွေငွေ့နှင့်အတူ အကြာအာရုံသို့ဝင်ရောက်လာခဲ့သည်က ညည်းညူချင်သလို လေသံဖွဖွ။

"ကိုယ် မင်းကို တကယ်အများကြီး လွမ်းနေခဲ့တာ.."

နားသယ်စပ်တွေပေါ် တရိပ်ရိပ်တိုးတိုက်သွားခဲ့သည့် နှုတ်ခမ်းလွှာတွေနှင့် စစ်မှန်လွန်းသယောင်ထင်ရသည့် ဝန်ခံစကား...

"ရှီးရှီး!"

ရုတ်တရက် ခေါ်သံကြောင့် သူ့မျက်ဝန်းတွေဆတ်ခနဲပွင့်သွား၏။ အသံလာရာကို လှမ်းကြည့်မိတော့ ဟယ့်ယွမ်းက ရုံးခန်းတံခါးကို အလောတကြီးတွန်းတိုက်ပြီး ဝင်ရောက်လာသည်။

"ယွမ်းအာ ဘာဖြစ်လာတာလဲ"

"မင်းရဲ့လူနာ!! အဲ့ဒီလူ.. ပြဿနာရှာနေတယ်!
သူနဲ့အတူပါလာတဲ့လူကလည်း မထိန်းနိုင်ဘူး"

တရစပ်ရေရွတ်လာသည့် စကားလုံးတွေနောက်မှာ ယွင်ရှီးခြေလှမ်းတွေက ဓာတ်လှေကားရှိရာကို လှမ်းနေပြီးသားဖြစ်နေခဲ့ပြီး လက်ချောင်းသွယ်သွယ်တွေက ဓာတ်လှေကားခလုတ်မှ အထူးလူနာဆောင်ကို ညွှန်ပြနေသည့် နံပါတ်ငါးရှိရာကို နှိပ်နေခဲ့ပြီးဖြစ်သည်။

Yī Shēng Yī Mèng [一生一梦]Donde viven las historias. Descúbrelo ahora