[Unicode]
အက်ဒင်ဘရာမြို့တော် တက္ကသိုလ်..
ကလေးအထူးကုဆေးပညာဌာန..
ရနံ့ကုထုံးပညာကို သင်ယူခဲ့သော သင်တန်းကျောင်း..
အနေအေးကာ သိမ်မွေ့သော စိတ်နေစိတ်ထား..
ကြင်နာတတ်ကာ သူတစ်ပါးအပေါ် ကူညီတတ်သော ပင်ကိုစရိုက်..
တူညီသောအချက်တွေရှိသည့် လူနှစ်ဦး။
ထိုလူနှစ်ဦးက တူညီသည့် အမျိုးသားတစ်ယောက်တည်းနှင့် ပက်သက်မိခဲ့ကြသည်။ ဤသည်က ကံတရားကြောင့်လား မှားယွင်းသည့်ရွေးချယ်မှုများကြောင့်လားဆိုတာ မဝေခွဲနိုင်။ဒါမှမဟုတ် ကာယကံရှင် ထိုအမျိုးသားကပင် ထပ်တူကျသည့် အခြေအနေတစ်ခုထဲသို့ နောက်တစ်ကြိမ် ကျရောက်ဖို့ ဆန္ဒရှိခဲ့လေသလား။
မပြီးဆုံးနိုင်သည့် မေးခွန်းနှင့် အတွေးတို့တို့က ယွင်ရှီးစိတ်ကို ထပ်ခါထပ်ခါနှိပ်စက်နေသည်။ အဆိုးမြင်သဘောတရားတို့ လွှမ်းမိုးနေသည့် အတွေးစိတ်တို့ကို ခေါင်းထဲမှဖယ်ထုတ်ဖို့ ကြိုးစားသော်လည်း မရ။
U.S Mansion မှ မပြန်ခင်ညက စာကြည့်ခန်းထဲတွင်တွေ့ခဲ့သည့် ဓာတ်ပုံနှင့်စက္ကူဖိုင်အကြောင်းကို တွေးမိတိုင်း စိတ်အစဥ်က လေးလံမွန်းကြပ်လာရသည်။
ထိုအဝါရောင်စက္ကူအိတ်ငယ်ထဲက ကိုယ်ရေးအကျဥ်းပိုင်ရှင်က ယွင်ရှီးဖြစ်နေခဲ့၏။
လူကိုယ်တိုင်မတွေ့ခင်ကပင် အဲဒီလူက ကိုယ့်အကြောင်းကို စုံစမ်းထားမှန်း ရိပ်မိသိရှိခဲ့သော်ငြား ထိုမျှအထိ ထင်မှတ်မထားခဲ့။ ထို့အပြင် အနှီအမျိုးသားရဲ့ ချစ်ရသူ လရောင်ဖြူလေးက ယွင်ရှီးနှင့် ရင်းရင်းနှီးနှီး သိကျွမ်းခဲ့ဖူးသူ ဖြစ်နေလေသည်။
ပိုင်လိကျူး..
စံပယ်ပန်းကဲ့သို့ ဖြူစင်၍ ပုလဲရတနာကဲ့သို့ မြင့်မြတ်ကာ အဖိုးထိုက်တန်ပါသည့် အမျိုးသမီး။
နာမည်နှင့် လိုက်ဖက်လှပါသည့် ထိုမိန်းမငယ်က ယွင်ရှီးနှင့် တက္ကသိုလ်အတူတက်ခဲ့သည့် ဂျူနီယာညီမလေးပင်။လွန်ခဲ့သော ငါးနှစ်ခန့် အက်ဒင်ဘရာတက်က္ကသိုလ် ဆေးပညာဌာနမှာ ယွင်ရှီး ပါရဂူဘွဲ့အတွက် သုတေသနစာတမ်းပြုစုနေခဲ့သည့်အချိန် နှစ်ဆယ့်နှစ်နှစ်အရွယ် ပိုင်လိကျူးနှင့် သိကျွမ်းခဲ့ရ၏။ ယွင်ရှီးက ဆေးပညာဌာနမှာ စာသင်ပေးသည့် ဆရာလည်းဖြစ်သည်မို့ သူ သင်ကြားပေးခဲ့ရသည့် ကျောင်းသူတို့အအနက် စာကြိုးစားကာ အနေအေးသည့် ထိုအမျိုးသမီးငယ်ကို သတိထားမိခဲ့သည်။
YOU ARE READING
Yī Shēng Yī Mèng [一生一梦]
FanfictionThere is a concealed heart inside that person like the hidden mansion in the pine forest. Dear you, Let me heal your wounds and scars in your heart. Forevermore, I'll be the only one dream of your life. . . . This work is a feiyunxi fanfiction. Na...