[Unicode]
"သူ့ကို အပြင်ခေါ်သွား!"
အတန်ငယ်အားနည်းနေဟန်ပေါက်သော်ငြား မာန်အပြည့်ပါသည့် အမိန့်သံ။ ယွင်ရှီး စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားရ၏။
"ကျွန်တော်.. မသွားနိုင်ဘူး"
ငြင်းဆိုသံက တိုးတိမ်နေပေမယ့်ပြတ်သားသည်။ နေရာကထွက်သွားစေဖို့ ရည်ရွယ်လျက် ရှေ့တည့်တည့်မှာလာရပ်တဲ့ သက်တော်စောင့်အမျိုးသားကလည်း သူ့ကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိတော့ဟန်။
ဘေးပတ်ဝန်းကျင်က အရာမှန်သမျှကို ခေါင်းထဲမထည့်တော့ဘဲ လူနာကုတင်ပေါ်ကလူကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်က ယွင်ရှီး။
"ကျွန်တော်တို့ ဘယ်လိုမျိုး စတွေ့ခဲ့ကြတယ်ဆိုတာ မင်း မေ့သွားပြီးလား။ ဒီအခြေအနေက ကျွန်တော့်ကို ဘာမှဖြစ်စေမှာမဟုတ်ဘူး"
သူ သိသည်။ အဲဒီလူက ဘာလို့သူ့ကို အတင်းအကြပ် နှင်လွှတ်နေလဲဆိုတာကို ယွင်ရှီး သိပါ၏။
အရင်တစ်ခေါက်ကိစ္စကြောင့် သူ့အပေါ် ခါးခါးသီးသီး ဖြစ်သွားဖူးပြီးကတည်းက ဒီလူက ယွင်ရှီးရဲ့ စိတ်အခြေအနေကို အထူးတလည် ဂရုစိုက်နေတာဖြစ်သည်။ သူနဲ့ပက်သက်ပြီးတော့ ယွင်ရှီးက နောက်တစ်ကြိမ် အထိတ်တလန့်ဖြစ်သွားမှာကို စိုးရိမ်နေတာကြောင့်ပင်။
သို့သော် သူ မသိခဲ့သည်က ယွင်ရှီးက သူနဲ့ပက်သက်သမျှ အရာအားလုံးကို ကြိုးစားပြီးတော့ နားလည်လက်ခံပေးဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်နေခဲ့သည်။ တစ်နေ့ ဒီလိုအခြေအနေအမျိုး ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ကြိုးတွေးထားခဲ့ပြီးသား။ အထူးသဖြင့် ကယ်လီဖိုးနီးယားလို နေရာမျိုးမှာပေါ့။
"မင်း အဆင်ပြေတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် အတည်ပြုရမှဖြစ်မယ် ဖေးယွီ"
"ဒီကိုလာခဲ့.."
တင်းမာနေသည့်လေထုကြောင့် တိတ်ဆိတ်နေခဲ့သည့် ပတ်ဝန်းကျင်အတွင်း တိုးဖျော့သည့် သက်ပြင်းချသံသဲ့သဲ့ နေရာယူသွားခဲ့သည်။ ထို့နောက် အသာတကြည်ခွင့်ပြုလာသည့် နှုတ်ခွန်းစကားနှင့် ကမ်းလင့်လာသည့် ညာဘက်လက်ဖဝါး။
YOU ARE READING
Yī Shēng Yī Mèng [一生一梦]
FanfictionThere is a concealed heart inside that person like the hidden mansion in the pine forest. Dear you, Let me heal your wounds and scars in your heart. Forevermore, I'll be the only one dream of your life. . . . This work is a feiyunxi fanfiction. Na...