[Unicode]
အခန်းအတွင်း ရောယှက်နေသည်က ဝိုင်ရနံ့ပြင်းရှရှနှင့် သစ်သားအနံ့ခပ်သင်းသင်းအပြင် ညှီစို့စို့ရနံ့တစ်မျိုးလည်း ပါဝင်သည်။
မျက်စိရှေ့က သွေးအိုင်ထဲ၌ လဲလျောင်းနေသည့် အပြစ်သား၏ လက်နှစ်ဖက် ခြေနှစ်ဖက်တို့၌ လောလောလတ်လတ် ပစ်ခတ်ထားသည့် ကျည်ဆန်တို့ နစ်ဝင်လျက်။
လက်ထဲက ပစ္စတိုကို အနားကလူဆီ လှမ်းပေးလိုက်ရင်း မေးရိုးထက်၌ ကပ်ငြိနေသည့် သွေးစက်တို့ကို လက်မဖြင့် ဖိသုတ်ပစ်လိုက်သည်။ မတော်တဆ လွင့်စင်လာသည့် သွေးစသွေးနတွေကပင် မသတီဖွယ်။
မျက်မှောင်တွေကြုတ်ပစ်မိလိုက်သော်ငြား လှုပ်ရှားသွားသည့် အရိပ်ကလေးတစ်ခုကို မျက်လုံးထောင့်မှတစ်ဆင့် လှမ်းမြင်လိုက်ရ၏။
"သခင်!"
နံဘေးမှ ထွက်ပေါ်လာသည့် အာမေဋိတ်သံနောက်တွင် သူ့အကြည့်တွေက ခပ်ဟဟပွင့်နေသည့် အခန်းတံခါးဆီရောက်သွားမိသည်။ ထို့နောက် စိတ်ကိုအစိုးမရစွာ ခြေလှမ်းတွေ ဦးတည်မိသည်က ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျနေသည့် အရိပ်ကလေးထံ။
သူ ကျိန်ဆိုနိုင်ပါ၏။ ဤအခိုက်အတန့်၌ အရာအားလုံးကိုလျစ်လျူရှုပစ်မိလိုက်ရင်း သူ့စိတ်အာရုံ၌ စိုးမိုးထားသည်က တစ်ခုတည်းသော အတွေးသာဖြစ်သည်။
ဒီလိုမျိုး ကိုယ့်ပုံစံကို မင်း စိတ်ပျက်မသွားဖို့ မျှော်လင့်တယ်...
အပြာရင့်ရောင် pajamas ထဲ မြုပ်နေသည့် ပုံရိပ်ငယ်ကို ပခုံးနှစ်ဖက် အသာအယာ ဆွဲထူကာ ထိန်းပွေ့လိုက်သည့်အချိန် သူ့လက်တွေထဲပါလာသည့် ခန္ဓာငယ်က အရုပ်ကြိုးပြတ်။ မျက်နှာနုနုကို စိုးရိမ်တကြီး အကဲခတ်မိသည့်အခါ ဖိမှိတ်ထားသည့် မျက်တောင်စိပ်စိပ်တို့ တုန်ယင်စွာ ပွင့်ဟလာကြ၏။
"ယွင်.."
မျက်ရည်စက်အချို့ မျက်ဝန်းထောင့်စွန်းတွေကနေ လိမ့်ဆင်းသွားသည့်အခိုက်အတန့်၌ နှလုံးသားကို အပ်နှင့်ထိုးသလို တဆစ်ဆစ်နာသည်။
မှားလိုက်လေခြင်း။
အစကတည်းက ဒီလိုအပြစ်ပေးမှုကို ဒီလူ မသိနိုင်တဲ့နေရာမှာ လုပ်ခဲ့သင့်တာ။ အခုတော့ ဒီအသိုင်းအဝိုင်းနဲ့ မသက်ဆိုင်တဲ့လူက ထိတ်လန့်သွားရပြီ။
ESTÁS LEYENDO
Yī Shēng Yī Mèng [一生一梦]
FanficThere is a concealed heart inside that person like the hidden mansion in the pine forest. Dear you, Let me heal your wounds and scars in your heart. Forevermore, I'll be the only one dream of your life. . . . This work is a feiyunxi fanfiction. Na...