အခန်း (၂၀) ထပ်မံတွေ့ဆုံ

184 29 10
                                    

[Unicode]

လေးထပ်အဆောက်အအုံတို့ရှေ့ရှိ လမ်းမီးတိုင်တို့မှာ ည၏ပတ်ဝန်းကျင်အား ကောင်းစွာအလင်းဆောင်လျက်ရှိသည်။ C1 ၏ ရုံးခန်းအတွင်း ရပ်နေရင်း သူ့အာရုံတို့က မျက်နှာချင်းဆိုင်တွင် လှမ်းမြင်နေရသည့် အခန်းငယ်ဆီ၌သာ တဝဲလည်လည်ဖြစ်နေလျက်။

ဖေးယွီစိတ်ထဲ မတင်မကျဖြစ်နေခဲ့သည့် မေးခွန်းတို့က သူတို့ ကယ်လီဖိုးနီယားတွင် နေဖြစ်ကြသည့် ကာလအတွင်း တဖြည်းဖြည်း အသေအချာ အဖြေထွက်လာသောကြောင့်ပင်။

ယွင်ရှီးက သူ့ကို ချစ်မြတ်နိုးနေခဲ့သည်..

တိတ်ဆိတ်တဲ့ညတွေမှာ ငြိမ်ငြိမ်သက်သက် ငေးကြည့်နေခဲ့သည့် မျက်ဝန်းတွေနှင့် ကရုဏာပိုသည့် အလေးအနက်ထားသော အပြုအမူတွေကို မသိယောင်ပြုရသည်မှာလည်း ဖေးယွီအတွက် မလွယ်ကူပါချေ။

အကယ်၍ သူ့ဘက်က တစ်ဖက်သတ်သဘောကျနေခြင်းသာဖြစ်ခဲ့လျှင် ခံစားချက်အပိုင်းအစတို့ကို ရင်တွင်း၌သာ သိမ်းဆည်းလျက်  ငေးကြည့်နေရုံမျှနှင့် ကျေနပ်နိုင်သည်ဟု ဖေးယွီ တွေးထင်ထားခဲ့သည်။

မထင်မှတ်ထားခဲ့သည်က တစ်ဖက်လူကလည်း သူ့ကို သဘောကျနေပါသည်တဲ့။

"ကျွန်တော်လည်း ပြောခဲ့ဖူးပါတယ်
မင်းအနားမှာ အမြဲရှိပါ့မယ်လို့လေ"

သူ့လက်အစုံကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားခဲ့ရင်း ပေးခဲ့သော ကတိစကားများ။ လေးနက်ခြင်းအဓိပ္ပါယ်တို့ အတိပြီးလျက် ရွှန်းစိုတောက်ပနေခဲ့သည့် မျက်ဝန်းညိုများ။

ထိုအခိုက်အတန့်မှာ ဖေးယွီ ဘယ်လောက်တောင် ရင်ခုန်ပျော်ရွှင်နေခဲ့သလဲဆိုတာ ဘုရားသခင်သာ သိနိုင်လိမ့်မည်။

သူ့ဘဝမှာ ​ချစ်ခြင်းမေတ္တာထက် အရေးကြီးသည့်အရာတွေ များစွာရှိနေသည်။ မိသားစုနှစ်စု၏ တာဝန်ဝတ္တရားများနှင့် ထောင်ပေါင်းများစွာသောလူတို့၏ မျှော်လင့်ချက်တို့က သူ့ပခုံးပေါ်၌မှီတည်နေပေ၏။ ထို့ပြင် ဖေးယွီကိုယ်တိုင်ကလည်း နောက်ထပ်တစ်ကြိမ် အချစ်မှာကျဆုံးသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဟု တွေးထင်ထားခဲ့သည်။

Yī Shēng Yī Mèng [一生一梦]Where stories live. Discover now