Episode 8

559 27 4
                                    

Unicode

ချောင်းသာကို အလည်အပတ် Express နဲ့ ခရီးဆန့်ကြတဲ့ သူငယ်ချင်းနှစ်‌ယောက် ပျော်ပျော်ပါးပါး မော်တော်ကားစီးလျက်ပေါ့ အင်္ဂါမနက်ပိုင်းထွက် နေ့ခင်းပိုင်းချောင်းသာကိုရောက် ဟော်တယ် check in တင်မယ် beach သွားမယ် စားချင်တာစားမယ် ငမ်းမယ် သူတို့ အစီစဉ်ကတော့ဟုတ်နေတာဘဲ

မနက်ပိုင်း ရန်ရှင်းအိမ်မှာ

"သားရယ် အကိုတို့ စိတ်မချဘူး မသွားပါနဲ့လား"

"ကျွန်တော် ချိန်းပြီးသွားပြီ အကိုကလည်း "

"အမတို့စိတ်မှ မချတာသားရယ် တစ်ယောက်ယောက် လိုက်ရင်ကော "

"ကားလက်မှတ် ဖြတ်ပြီးပြီ "

"သား ဦးတို့စိတ်မချဘူး သူဌေးကြီးကကော လွှတ်ရဲ့လားသား ရန်ကုန်တင်မဟုတ်ဘူးသားရဲ့ နယ်ခံလဲ မပါဘူး "

"ဦးကလည်း အပျော် အပန်းပြေဖို့ သွားတာပါဆို "

"သား မဆိုးနဲ့ လက်မှတ်မရဘူး ဆိုလဲ ဦးတို့ဘာသာ ကားနဲ့ လိုက်မယ် ချောင်းသာက သားတို့ပိုင်တဲ့ ဟော်တယ်မှာ တည်းမယ် သူဌေးကြီးကို ပြောခိုင်းလိုက်မယ် မငြင်းနဲ့ သားသားကိုစိတ်မချဘူး သားလေးလေး တို့ တီတီတို့သိရင် ဦးအဆူခံရမှာ နောက်ဦးလဲစိတ်မချဘူး သား "

"ပြီးရောဗျာ ရော့ အထုတ် လိုက်ချင်တဲ့သူ လိုက်ကြ ကျွန်တောက Express နဲ့ သွားမှာ"

"ကောင်းပြီသား မင်းတို့သခင်လေးကို အဝေးပြေးဝင်း လိုက်ပို့ရမယ် ငါနဲ့ သုံးယောက်လိုက်ခဲ့ Express ကားနောက်ကငါတို့လိုက်မယ် ဟိုကို တစ်ချိန်တည်း ရောက်အောင်" အိမ်မှာရှိတဲ့ သုံးယောက်ကို ခေါ်ပြီး အိမ်ရဲ့ အသက်ကြီးဆုံး ဦးမောင်မောင်ဦးက စီမံတယ်

"ကျွန်တော်ပြန်လာရင် ရှေ့ကခြံ ပြီးအောင်လုပ်ထားပေး ဟွန့် " ရှေ့ကနေထွက်သွားပြီး ကားပေါ်တက်သွားတဲ့ သူတို့သခင်လေး

အားလုံးကပြုံးလျက်သား အငယ်ဆုံးဆိုတော့ ဆိုးနေတာ နောက် သူတို့အလုပ်ရှင်လဲ ဖြစ်တော့ ရယ်သာနေလိုက်တယ် သူစိတ်ဆိုးလို့ ညစ်တွန်းတွန်းနေတာ သိနေတော့ ဘာမှမပြောတော့ဘူး

Newton Second Law ကိုဆန့်ကျင်၍ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ