Unicode
April လထဲ မိုးဦးတို့ အတူနေဖို့ ဖြစ်လာခဲ့တော့တယ် နှစ်ယောက်သား အလုပ်တွေ ပန်း ပင်ပန်းတော့ အတူမနေရတာ နှစ်ပတ်နီးပါး ဖြစ်ခဲ့တယ် ဘာဘဲပြောပြော မိုးဦးမောင်လဲ လူသားပဲမို့ ဆန္ဒရှိပေမယ့် ပင်ပန်းနေကြတာမို့ ထိန်းရမည် နှစ်ပတ်တောင်ကြာပြီမို့ တစ်ခါ တောင်းဆိုမိတယ်
"ကိုကို "
"အင်းမောင် "
"တူတူနေရအောင်ကိုကို"
"အင်း ကိုကို သန့်စင်လိုက်ဦးမယ် ကိုကို ဒီကြားထဲ ဒီကိစ္စတောင် သတိမထားမိဘူး အလုပ်တွေများနေတော့"
"ကိုကိုကလဲ ကိုကို့အပြစ်မှ မဟုတ်တာ ကိုကိုကော မောင်ကော ပင်ပန်းနေတာကို မနက်ဖန် စနေ မို့ တောင်းဆိုတာပါ ကိုကိုပင်ပန်းမှာမို့မပြောတာ မောင်လည်း ကိုကို့ကို ချစ်မဝလို့လေ "
"အင်းပါ အတက်လေးရယ် ဟင်း အစကတော့ မလုပ်ရဲ မကိုင်ရက်နဲ့ အခုတော့လား ရဲလာပြီပေါ့ အရင်တုံးက ရှေ့မတိုးလို့ ကိုယ်တွေမှာ မြူဆွယ်ခဲ့ရတာ အမော Viber ကတစ်မျိုး မေးလ်ကတစ်မျိုး အယ် ကိုကိုသွားပြီ " လွတ်ကနဲစကားထွက်သွားတဲ့ရန်ရှင်း အရင်မိုးဦးမောင် ဒုတိယမြောက်တူတူ နေဖို့ ဖြစ်လာတဲ့ အခါ မိုးဦး သူ့ကို မထိရက်မကိုင်ရက်မို့ Viber နဲ့ Mail ကနေ ထိချင်လာအောင် ပုံတွေပို့ မေးလ်တွေပို့ခဲ့တာ ဖုန်းအခြားတစ်ခု Mail အခြားတစ်ခုနဲ့ အခုတော့ ပေါ်ပြီလေ
"အာ ကိုကို ဘယ်ပြေးမှာလဲ အဲ့တာကိုကိုကိုး မပြေးနဲ့ မောင့်မှာလေ မဟုတ်တဲ့ အတွေးတွေတောင် ဝင်တယ် ကိုကို့ ကိုအပြစ်ပေးရမယ် လာခဲ့ " ဆိုကာ ခေါင်းနဲ့ ရန်ရှင်း ရင်ခွင်ထဲ တိုးဝေ့ပြီး ရက်ဘက်ကို Marking ပေးလိုက်တယ်
ခဏကြာတော့
"မောင် ကိုကို သန့်စင်လိုက်ဦးမယ် ဖယ်ဦး "
"ကိုကို "
"အင်း ကိုကိုကော မလိုချင်ဘူးလား "
"ကိုကိုဘာပြောထားလဲ မောင့်ကို ငယ်ငယ်က ခံစားရစေတယ် ကိုကို မောင့်ကိုလေ အရမ်းချစ်တာ သိလား မောင့်ကို အနာကျင်စေချင်ဘူး ဒဏ်ရာသေးသေးလေးတောင်မရစေချင်ဘူး ကိုကိုက ဒဏ်ရာနဲ့ နေသားကျနေပြီ မောင်က ရန်တောင် မဖြစ်ဖူးဘူး ကိုကိုကတော့ လာတာနဲ့ ဆော်တာဘဲ ဟဲဟဲ မောင့်ကိုလေ နည်းနည်းလေးမှ မနာကျင်စေချင်ဘူး ကိုကိုက အများကြီးချစ်မှာမို့ မောင်က ကို့ကို အများကြီးချစ်ပေးပါ "

ESTÁS LEYENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
Historia CortaUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...