Unicode
လွန်ခဲ့သော ၃နှစ်ခန့်က
ဆေးရုံ အခန်းတံခါးကို ဖွင့်တော့ မိုးဦးမောင်နဲ့ မိဘတွေ ကတိုက်ကပါး ဆရာဝန်ကို မေးတော့တယ်
"ဆရာ ကျွန်မတို့သားလေး "
"ဆရာ ကျွန်တော့်ကိုကို အခြေအနေ"
"စိတ်မပူကြပါနဲ့ အားလုံး အဆင်ပြေပါတယ် ဪ ဒါက သူ့ခင်ပွန်းထင်တယ်သားက"
"ဟုတ် ဟုတ်ပါတယ် ကိုကို့အခြေအနေလေး"
"အင်း ကိုရန်ရှင်းက ." ဆရာဝန်က စကားခဏရပ်ပြီး
"ဟင်း အရမ်းထူးဆန်းလွန်းလို့ဗျ "
"ဘာထူးဆန်းတာလဲ ဆရာမြန်မြန်ပြောပါ"
"မောင်မိုးဦးမောင် တော်တော်ခံရတယ် အစားပျက်တယ် အန်တယ်မှတ်လား အချဉ်အစပ်တွေစားချင်တာ ဖြစ်တယ်မှတ်လား ခဏခဏအန်နေတဲ့အကြောင်းက ကိုယ်ဝန်ကြောင့် ပါ "
"ဗျာ ကိုယ်ဝန် ကျွန်တော့မှာလား "
"ဟင်း သားက လူနာကို အရမ်းချစ်တယ်နဲ့တူတယ် "
"ဟုတ်ပြောမပြတက်အောင်ပါဘဲ ဆရာ"
"သားအခုဖြစ်နေတဲ့ ဝေဒနာတွေခံစားရတာတွေကလေလူနာကိုအရမ်းချစ်လွန်းလို့ လူနာခံစားရမယ့် ဝေဒနာတွေကို ခံစားပေးနေရတာ သား "
"ဆရာဆိုလိုတာက "
"အင်း သားခင်ပွန်းမှာ ကိုယ်ဝန်ရှိနေပြီ "
"ဗျာ ကိုယ်ဝန် "
"ကိုယ်ဝန် "
"သားငယ်မှာကိုယ်ဝန် "
"မြေးရတော့မှာလား " အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့တယ်
"ဟုတ်တယ် သား သားခင်ပွန်းမှာ အခု ကိုယ်ဝန်ရှိနေပြီသား ဒီအရာကလေ လူအယောက် ၁၀၀၀သန်းမှာတောင် တစ်ယောက်တွေ့ခဲတဲ့ ဖြစ်ရပ်သား မဖြစ်နိုင်တာကြီး ဆရာတို့လဲ မကြားဖူးဘူး ဒါ့ကြောင့် ဆရာသေချာစစ်ဆေးကြည့်နေတာ ကိုယ်ဝန်က ၄၅ ရက်ရှိနေပြီသား စမ်းသပ်ရသလောက် "
"၄၅ရက်တောင် " မိုးဦးမျက်ရည်ကျမိတယ်
"အင်းပိုထူးဆန်းတာလေ လာခဲ့ကြအားလုံး "
ESTÁS LEYENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
Historia CortaUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...