Episode 17

499 28 2
                                    

Unicode

ညနေရောက်တော့ လူကြီးတွေနဲ့ မိုးဦးမောင် စကားပြောဖြစ်ကြတယ် အကြောင်းက သူတို့ကို အရှက်ခွဲတဲ့ သူကို ဖော်ထုတ်ဖို့ ဆွေးနွေးကြတယ် ဟိုကလေးလူကြီးကတော့ ရေကူးကန်မှာ သူ့အကိုတွေနဲ့ ရေကူးပျော်ပါးနေတယ် ဒီအရာတွေကို သူစိတ်မဝင်စား သူက ပျော်ပျော် နေတက်တဲ့သူမို့ အခြားအရာတွေ အကုန် မေ့ပြစ်လိုက်တယ်

"မောင်မိုးဦးရေ မင်းတော့ ကလေးထိန်းရတော့မယ် ဟားဟား"

"ဦးကလဲ အကိုက ပျော်ပျော်နေတက်တာပါ "

"အဟမ်း မေကြီးရေ "

" ဒါတောင်မယူရသေးဘူး ယူများယူရင် မပြောတော့ပါဘူး "

"ဪ ဒါနဲ့သား အန်ကယ်မေးမလို့ "

"ဟုတ် အန်ကယ်"

"အန်ကယ့်သားကို ဘယ်လိုသဘောရလဲ "

"အမှန်တိုင်းဝန်ခံရရင် အကို့ကို ကျွန်တော် ပထမဆုံး ဒီအိမ်စရောက်ဖူးတော့ အန်တီက အကို့အခန်းလိုက်ပြတာလေ အကိုနဲ့ ထိမိကတည်းက ဟို ဟို "

"ဘာလဲ သား"

"ချစ်မိနေတာ "

"ဟေ ဟားဟား " လူကြီးအားလုံး ရယ်ကြတော့တယ်

"ဒါဆို သားက သားအကိုကို ချစ်နေတာပေါ့ ဟုတ်လား "

"ဟုတ် ကျွန်တော် ယောင်္ကျားလေးတိုင်းချစ်တာမဟုတ်ပါဘူး အကို့ကိုသာ ချစ်တာပါ ကျွန်တော့ အချစ်အကြောင်း အန်တီ့ကို ပြောပြဖူးလားမသိဘူး "

"မမှတ်မိတော့ဘူး သား"

"မိန်းမတွေက မကောင်းဘူးဆိုတာလေ "

"ဪ သိပြီ မှတ်မိပြီ"

"ဟုတ် မေမေကလွဲပြီး အခြားမိန်းမတွေကို ကြည့်မရတော့တာ ကျွန်တော် တက္ကသိုလ်တက်ကတည်း အဲါတုန်းက ကျွန်တော်ကြိုက်ဖူးတဲ့ အမျိုးသမီးက ကျွန်တော့် ဆီက ချူစားတာ ပြီးတော့ နောက်ကွယ်မှာ ဖောက်ပြန်တာ စင်တာတစ်ခုမှာ ပက်ပင်းတိုးတာ အန်တီ အဲ့ကတည်းက phobia သဘောဖြစ်သွားတာ "

"ဪ သိပြီသိပြီ" အပြင်ကနေ နားထောင်နေတဲ့ ကောင်လေးတစ်ယောက်ရှိနေတာကို မသိကြဘူးလေ

Newton Second Law ကိုဆန့်ကျင်၍ (Completed)Donde viven las historias. Descúbrelo ahora