Episode 38

398 19 8
                                    

Unicode

"မောင် "

"ဗျာကိုကို "

"မနက် နေ့တဝက်နားမယ် ပြီးရင် ဆေးရုံသွားရအောင် "

"ဘာဖြစ်လို့လဲ ကိုကိုရ ကိုကို နေမကောင်းလို့လား"

"မဟုတ်ဘူးမောင့်ကို ဆေးစစ်မလို့ မောင်ဒီရက်ပိုင်း ထူးဆန်းနေလို့ "

"ဘာထူးဆန်းလို့တုံး ကိုကိုရ "

"ခဏခဏ အိပ်ချင်တယ်မှတ်လား"

"အင်း"

"ပြီးတော့ အချဉ်တွေ အငန်တွေ အရမ်းစားနေတာ ကျန်းမာရေးဆေးစစ်ဖို့လိုပြီ အလုပ်ကလဲ ပင်ပန်းတော့ save ဖြစ်ရအောင်ပါ စစ်လိုက် "

"ဟုတ် ကိုကို"

"အင်း အဲ့ အချဉ်ထုတ် လက်ကချတော့ အလုပ်လုပ်ကြမယ် ဒီနေ့ မပြီးပျက်တာတာတွေ "

"အင်း လာပြီကိုကို " လက်ထဲ မရမ်းပြားအထုတ် ချပြီး ရန်ရှင်းနားသွားလိုက်တဲ့ မိုးဦးမောင် ပြီးတော့ အလုပ်တွေ တူတူလုပ်ကြတယ်

ဆေးရုံရောက်တော့ မိုးဦးမောင်ကို ဆေးစစ်တယ်  result ရတဲ့အထိ ထိုင်စောင့်ရင်း Canteen မှာ ကြေးအိုးသောက်ကြတော့

"မောင် ကိုကို ဝက်ကြေးအိုးသောက်မယ် မောင့်အတွက်ပါ မှာလိုက်မယ်နော်"

"အင်း ကိုကို "

Waiter ကိုခေါ်ပြီး ဝက်ကြေးအိုး နှစ်ပွဲ မှာလိုက်တယ်တစ်အောင့်ကြာတော့ ကြေးအိုးလာချတော့

"အား မွေးနေတာဘဲ အရသာလေးကချိုလိုက်တာ " ရန်ရှင်းမြည်းပြီး ပြောလိုက်တော့ မိုဦး သူ့ကိုကိုပြောတော့ သူစမ်းသောက်လိုက်တာ

"ဝေါ့ ဝေါ့ မသောက်ချင်ဘူး အန်ချင်တယ် "

"မသောက်နဲ့ ဒါဆိုမောင် ကျစ် ဘာဖြစ်တာလဲမသိဘူး မောင်ခဏလေး ကိုကို ဆေး သွားဝယ်လိုက်ဦးမယ်"

"ဟုတ်ကိုကို "

ရန်ရှင်း ဆေးကောင်တာမှာ Vicee တစ်ကဒ်ဝယ်ပြီး Nutri Boost ဝယ်လိုက်တယ် ပြီးတော့ ချက်ခြင်း မိုးဦးမောင်ဆီ သွားလိုက်တယ် သူမိုးဦးဆီ ရောက်တော့ အံဩမှု့ အတိုင်းသား ငံပြာရည်ကို စားနေတဲ့မိုးဦး

Newton Second Law ကိုဆန့်ကျင်၍ (Completed)Tempat cerita menjadi hidup. Temukan sekarang