Unicode
ရန်ရှင်းကို အလုပ်သမားတစ်ယောက် ဖိုင်တစ်ချို့လာပို့ တယ် ရန်ရှင်းကလဲ လက်ခံယူလိုက်တယ် ပြီးတော့ ဟော်တယ် ကပြင်ဆင်တဲ့အခန်းထဲ ဝင်သွားလိုက်တယ် ရန်ရှင်း မင်္ဂလာဆောင်ပြီးပြီမို့ ပေါ့ပေါ့ပါးပါး အဝတ်အစား T Shirt အနက်ရယ်ဘောင်းဘီရှည်အနက်ရောင်လေး ဝတ်ထားကာ ဦးထုတ် အနက်လေး ဆောင်းထားတယ် ခဏကြာရင် အပြင်ထွက်မှာမို့ ပြင်ဆင်ထားသည့်ပုံ
တစ်ခြားတစ်နေရာကနေလူတစ်ယောက်မျက်စိဒေါက်ထောက်ကြည့်နေတာကို မသိ
ရန်ရှင်း မကြာတော့ အပြင်ကို သူတစ်ယောက်တည်း ဖိုင်လေးကိုင်ပြီး ထွက်သွားတယ်
နောက်က လိုက်နေတဲ့သူကလဲ မျက်ချေမပျက် လိုက်လာခဲ့တယ် သူလုဖို့ အခွင့်လုံးဝမသာတာမို့ သူ့ကိုခိုင်းတဲ့သူကို အကြောင်းကြားတယ်
"ဟယ်လို သူကားနဲ့ ထွက်သွားပြီ ကြားကနေ ဖိုင်ကို လုဖို့ အခွင့်မသာဘူး ဘာလုပ်ရမလဲ "
📱ရှင်းလိုက် ဘာသက်သေမှ မကျန်စေနဲ့
"ကောင်းပြီ"
ထိုသူလဲ ရန်ရှင်းကားနောက်က နေ ထပ်ချပ်မကွာလိုက်ကာ နောက်လူရှင်းတဲ့ နေရာရောက်တော့ Lever ကိုတင်ကာ ရန်ရှင်းကားကို ဘေးနားကနေ ယှဉ်မောင်းကာ ရန်ရှင်းကို ဘေးဘက်ကား ရပ်သွားအောင် လုပ်တယ် ရန်ရှင်းကလဲ ခေသူမဟုတ်တော့ မရပ်သူ့ကို ပြန်ကျော်တက်သွားရင်း ထိုသူကလဲ အတင်းပြန်ကျော် ရန်ရှင်းကားကို ဘေးချင်းယှဉ်တိုက်ကာ သတိလွတ်သွားတဲ့ ရန်ရှင်းကားလေး တစ်ဘက် ကားလမ်းဘက် ရောက်သွားကာ မျက်နှာချင်းစိုင် တစ်ဖက်ကလာနေတဲ့ ကားနဲ့ တိုက်ကာ တစ်ပက်လည်သွားကာ မှောက်သွားပြီး ဘေးဘက်ကို လိမ့်သွားတယ်
နောက်ကလုပ်ကြံတဲ့သူက အရေးကြီးတဲ့ ဖိုင်ကို အရယူကာ ထိုသူ ကားတွင်း လေအိပ်ပွင့် မေ့မြောနေတဲ့ ရန်ရှင်းကို တစ်ချက်ကြည့်လိုက်တယ် အနီရောင် အရာတွေ နောက် ခေါင်းကလဲ ဆီးကျနေတဲ့ အနီအရာင်တွေ နောက် အသက်ရှူမရှူစမ်းကာ မရှူတော့တာမို့ ကားကို အတင်းမောင်းပြေးသွားလိုက်တယ်
"ဟယ်လို "
📱အဆင်ပြေခဲ့လား
"ရခဲ့ပြီ ရန်ရှင်းတော့ ကြွသွားပြီ
أنت تقرأ
Newton Second Law ကိုဆန့်ကျင်၍ (Completed)
القصة القصيرةUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...