Unicode
ရန်ရှင်းတစ်ယောက် ညဘက် ရောက်တော့ မိမိသူငယ်ချင်း နဲ့ ချိန်းထားတဲ့ နေရာကို ပြိုင်ကား အနီလေးမောင်းရင်း ရောက်လာခဲ့တော့တယ်
"နေမင်း ငါအဆင်သင့်ဘဲ မင်းဘက်ကကော ready ဘဲလား ဘယ်မှာလဲ သူတို့"
"အေးလာ ရန်ရှင်း ဒီမှာ မိတ်ဆက်ပေးမယ် ဒါက တိုနီ ဒါက မိုက်ကယ် ဒါက ရော်ဘင် ဒါက မိုက်ခ် "
"ရန်ရှင်းပါ "
"Ok စကြရအောင်ပေါ့" မိုက်ခ်ဆိုသူကပြောတယ်
"ပုံး ၁၀၀၀ နော် " ရန်ရှင်းပြောတော့
"Ok sure "တဲ့
နေမင်းက ကားငါးစီးရှေ့ကနေ ခရာသံပေးဖို့ ပြင်ဆင်တော့တယ် ကားငါးစီးလုံးက ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြပြီ
နေမင်းက Timing စခေါ်တော့တယ်
"Ready One Two Three Go ရွီး" ဆိုပြီး ခရာမှုန့်တော့ ကားတွေအားလုံး ဝှီကနဲ ထွက်သွားတော့တယ်
ပြိင်ပွဲ ပုံစံက ကွင်းကို ၅ ပါတ် ပတ်မောင်းရမယ် ငါးပတ်မြောက် မှ အရင်ဆုံး ပန်းဝင်တဲ့ သူက အနိုင်ရမယ် ဒုတိယ တတိယမရှိ winner ဘဲရှိတယ် ပြိုင်ပွဲဝင် ကားကွင်း အကျယ်က ပြိုင်းကားမောင်းချိန် သုံးမိနစ်စာလောက် ကြာနိုင်တဲ့ အကျယ်ရှိတယ်
ငါးစီး အသီးသီး ပြိုင်နေကြပြီး ရှေ့ဆုံးကနေ ရော်ဘင်ဆိုသူက ဦးဆောင်နေတယ် နောက်က ရန်ရှင်း ရော်ဘင်က ရန်ရှင်းကျော်မရအောင် ရှေ့ကနေ ပိတ်ပြီး မောင်းနေတာမို့ ကျော်တက်မရ ပြီးတော့ နောက်က ကားကလဲ သူနဲ့ကပ်ရပ် ပထမ round ကတော့ ရော်ဘင်ဦးဆောင်နေတာပေါ့ ဒုတိယ round ရောက်တော့ လဲ ထို့အတူ ကျော်လို့မရ ရန်ရှင်းနည်းနည်းညစ်ချင်လာတယ် ဒါပေမယ့် သူကျော်ဖို့ မကျိုးစားတော့ second round လဲ ရော်ဘင်ဘဲ ဦးဆောင်နေတယ် third round ရယ် fourth round ရယ်ပါ ရော်ဘင်ပဲ ဦးဆောင်နေတော့ ရော်ဘင်တစ်ယောက် သူ့ကိုသူ စိတ်ကြီး ဝင်လာတော့ ပေါ့ယွင်းမှုတွေ ဖြစ်လာတော့တယ် ရန်ရှင်း fourth round ပြီးတော့ fifth round ရောက်တော့ နောက်ပါလာတဲ့ Tony ကားကို သူ့ကို ကျော်တက်စေတယ် ရော်ဘင်က ဒုတိယလိုက်နေတဲ့ ရန်ရှင်းကားကျန်ခဲ့တာမို့ စိတ်ကြီးဝင်နေချိန် ရန်ရှင်းကားကို ကြည့်လို့မရတော့တာမို့ သူ့အတွက်အားနည်းချက်ဖြစ်သွားတယ် ထိုအချိန် တတိယမြောက်ရန်ရှင်းကား က ရော်ဘင်နဲ့ တိုနီ ကားကို အငိုက်မှာ လှစ်ကနဲ့ ကျော်တက်သွားပြီမို့ သူအသည်းအသန် ကျော်ပေမယ့် သူ့နည်းအတိုင်း ရန်ရှင်းက ပိတ်ကာပြီး မောင်းတော့ သူစိတ်မရှည်တော့ဘဲ မရရအောင်ကျော်ကာမှ ဘေးက ကွန်ကရစ်ဘောင်နဲ့ တိုက်မိပြီး ကားငွေ့တွေထွက်ပြီး လမ်း အလယ်မှာ ရပ်သွားတော့ ကျန်တဲ့ ကားသုံးစီးကလဲ အရှိန်နဲ့ မို့ သူကားကို ဝင်တိုက်မိသွားတော့တယ် သူ့ကားကလဲ စက်ဝိုင်းပုံသဏ္ဍန် လည်ပြီးကျန်တဲ့ကားတွေပါ ထိုးရပ်သွားကာ ရန်ရှင်းက ပန်းဝင်သွားတော့တယ်
VOCÊ ESTÁ LENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
ContoUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...