Episode 25

475 22 4
                                    

Unicode

ရန်ရှင်း က Professional တစ်ယောက်မို့ Hacking ပိုင်းလဲ ရတယ် ဗီဒီယိုဖိုင်က ပုံတစ်ခုတွေ့တာနဲ့ server ထဲမှာ ထိုသူရဲ့ပြုမူတဲ့ video တွေ Face Recognize System သုံးကာ ရှာတော့ ထွက်လာတဲ့
Video တွေ နောက် ထင်ဇော်ဗလ ပုံကို cross လုပ်ပြီး သူတို့ ကုမ္ပဏီ server ထဲဝင်ရောက်ကာ ထိုသူရဲ့ မှတ်တမ်းပါတဲ့ Video တွေကို hack ပြစ်လိုက်တယ်

ထို့နောက် ထိသူရဲ့ Mail ပါ ရန်ရှင်း လက်ထဲ ရောက်သွားတော့တယ် ထိုMail ကတစ်ဆင့် ဖုန်းထဲမှာ ထိုMail ရှိနေတာမို့ ထင်ဇော်ဗလ ဖုန်းထဲထိပါ ဝင်hack တော့ သူ့call log တွေ တွေ့ရပြန်တယ် recoding တွေ ပုံတွေ အစရှိတဲ့ အကြောင်းအရာတွေကို hack ပြီး

"မောင်"

"ဗျာကိုကို "

"ကြည့်ဒီကို မောင်ဦးချိုကို ခေါ်လိုက် လုံခြုံရေး တွေ အကုန်ခေါ် မြန်မြန်"

မိုးဦးမောင် ရန်ရှင်းသဘောအတိုင်း အကုန်ခေါ်လိုက်တယ်

"မိုးဦးချိုနော် "

"ဟုတ်ကဲ့ အကိုလေး "

"အင်း မင်း ဒီလူကို ဖမ်းထား လုံခြုံရေးတွေ ဒီလူကို သေချာ ဖမ်းပြီး ရဲလက်အပ်လိုက် မပြေးစေနဲ့ ပြေးရင် မင်းမလွယ်ဘူး မောင်ဦးချို "

"ဟုတ် အကိုလေးရန်ရှင်း " ဦးထင်အောင်ကို လုံခြုံရေးတွေနဲ့မောင်ဦးချို ထိန်းကာ ရဲလက်ကို အမြန်သွားအပ်ရတယ် ထိုလူမှာတော့ အပျက်ပျက်အယွင်းယွင်း မျက်နာနဲ့ ပါသွားတော့တယ်

"ကိုကို ဘယ်လိုဖြစ်တာလဲ "

"ရဲစခန်းဖုန်းဆက် ထင်ဇော်ဗလကို အခုဖမ်းခိုင်း မမှီဘဲ ဖြစ်တော့မယ် မြန်မြန် ပြီးရင်ငါရှင်းပြမယ်" Rain ရန်ရှင်းစိတ်တိုင်းကျ လုပ်နေစဉ် ရန်ရှင်းကအိမ်ကိုဖုန်းဆက်နေလိုက်တယ်

"ကိုကို လုပ်ပြီးပြီ အခုအကြောင်းအရာပြောပြပါလား"

"အင်း ရော့ကြည့် သေချာ မကြာခင် ဒီကို ဖေဖေတို့ရောက်လာလိမ့်မယ် လူစုံရင်ရှင်းပြမယ် ဂဂနန အခုဒီဗီဒီယိုဖိုင် ကြည့်ထားဦး အဲ့ကနေ နည်းနည်း သဘောပေါက်လိမ့်မယ် ငါပြောမယ့်စကားထက် မောင်ပိုသိသွားလိမ့်မယ် "

Newton Second Law ကိုဆန့်ကျင်၍ (Completed)Where stories live. Discover now