Unicode
📱ဟယ်လို မိုးဦးသား "
"ဟုတ်ဖေဖေ လူကော အဆင်ပြေလား ဖေဖေ"
📱အင်း မှန်းထားတဲ့အတိုင်းဘဲ ဖေဖေ လှုပ်ရှားလိုက်တော့မယ် သားဦးလေးတွေနဲ့ "
"ဟုတ် ဖေဖေ "
📱သူလူလွှတ်ထားတာ ဖေဖေသိတယ် သား လာပြီး သရုပ်ဆောင်လိုက်ဦး ပိုယုံကြည်သွားအောင် "
"ဟုတ်ဖေဖေ ကိုကို ကော ဘေးမှာရှိတယ် ပြောဦးမလားဖေဖေ "
"မောင်ငါပြောမယ်"
"အင်းကိုကိုရော့ "
"အင်း ဖေဖေ "
📱သားငယ်လေးပြော
"သားဖေဖေ့ကို အသံဖိုင် ပို့လိုက်မယ်ဖေဖေ နောက် သက်ဆိုင်ရာကိုပါ အကြောင်းကြားထားပေး အဲ့မိန်းမကို ချက်ချင်းဖမ်းခိုင်းလိုက်ဖေဖေ "
📱ကောင်းပါပြီသားလေး
"ဒီမိန်းမ လွှတ်ထားလို့မဖြစ်တော့ဘူး "
📱အင်း
"ကိုကို "
"အင်း"
"မောင် သရုပ်သွားဆောင်လိုက်ဦးမယ် ပြန်လာခဲ့မယ်"
"အင်းသတိလည်းထားဦး"
မိုးဦးမောင် ဆေးရုံးသွားခဲ့တယ် စိတ်ဓာတ်ကျနေတဲ့ပုံ နဲ့ သွားခဲ့တယ် ဆေးရုံမှာ ဦးလေးတွေ နဲ့ အဖေ က စီစဉ်စရာရှိတာ စီစဉ်နေခဲ့တယ်
ရန်ရှင်းကြိုတင်တွေးထားတဲ့အတိုင်းသူ့ကိုလုပ်ကြံဖို့ ရီရီပြုံးလူလွှတ်ထားတယ် သူဟော်တယ်ကို လာပို့တဲ့ တစ်ယောက်စီက ဖိုင်အစစ်ကို လက်ခံယူလိုက်တယ် သူ အင်္ကျီအနက် ဘောင်းဘီအနက် ဦးထုတ်ကို ပါဝတ်ထားလိုက်တယ် အကွယ်ကနေတစ်ယောက်ကြည့်နေတာကို သူသိတယ်သူမြန်မြန်ဘဲ ယူပြီး အခန်းထဲပြန်ဝင်ကာ အင်္ကျီလဲပြီး သူနဲ့ ဆင်တဲ့ ကောင်လေးတစ်ယောက်ကို အင်္ကျီလဲဝတ်ခိုင်းလိုက်တယ် ပြီးတော့ အသင့်လုပ်ထားတဲ့ဖိုင်ကိုပေးထားလိုက်ပြီး ဖိုင်အစစ်ကို တစ်ဖက်လှည့်နဲ့ရဲလက်အပ်လိုက်တယ်
သူ့အစားသွားတဲ့ ကောင်လေးကားက Secure ဖြစ်တာမို့ အသက်မစိုးရိမ်ရ ကားပေါ်မှာ ဆေးနီ ညိုရောင်တွေ အဆင်သင့် တင်ထားခိုင်းထားတယ် တစ်ခုခု ဖြစ်မှာသိလို့ သူမှန်းတဲ့အတိုင်း ဖြစ်ခဲ့တယ် သူခိုင်းထားတဲ့ ကောင်လေးကတော့ စီစဉ်ထားတဲ့အတိုင်း ဆေးကို ဖောက်ပြီး သူ့အပေါ် ဖြန်းလိုက်တယ် ပီပြင်အောင်လုပ်ပြီး လုပ်ကြံတဲ့သူအနားကိုလာတော့ အသက်အောင့်ထားလိုက်တယ် ထိုသူက ဖိုင်ယူပြီး နှာခေါင်းစမ်းတော့ အသက်မရှူတာမို့ သေပြီအထင်နဲ့ ထွက်သွားတယ် အရန်သင့် ambulance လာတော့ သူတို့ခေါ်ရာ လိုက်သွားလိုက်တယ် ဒဏ်ရာမရပေမယ့် ခါးနာသွားတာမို့ဆေးရုံမှာ လှဲနေခိုင်းခဲ့တယ်
ESTÁS LEYENDO
Newton Second Law ကိုဆန့်ကျင်၍ (Completed)
Historia CortaUni ကျွန်တော် မိန်းမတွေကို phobia သဘောမျိုးဖြစ်သွားတာ အခုထိဘဲ ဘယ်မိန်းကလေးမှ လှတယ်လို့မမြင် တော့ဘူး မိန်းမတွေမကောင်းဘူးလို့ဘဲ တွေးထားလိုက်တာ အခြားမိန်းကလေးတွေ rain ကို ယောင်္ကျားလို့ခေါ်တာ မကြိုက်ဘူး ကိုကိုခေါ်မယ်ဆိုရင် rain လက်ခံမယ် မိုးဦးမောင် 🤴 ...