Episode 31

358 16 4
                                    

Unicode

အလုပ်ကပြန် အိမ်ရောက်တော့ "ကိုကို အလုပ်အဆင်ပြေလား "

"ပြေတယ်မောင် မောင်ကော"

"ပြေပါတယ်ကိုကို ရာ ဒါပေမယ့် နည်းနည်းတော့ ခေါင်းရှုတ်ရတာပေါ့ ဟိုသွားဒီသွားနဲ့ "

"အင်း တူတူဘဲ Site ထဲသွားလိုက် Meeting လုပ်လိုက်နဲ့ ပင်ပန်းတယ်"

"အတွင်းရေးမှုးကကော အဆင်ပြေလား ကိုကို "

"အစဘဲ ရှိသေးတာ သေချာ မလေ့လာရသေးဘူး"

"အင်း ကိုကို ရေချိုးမှာလား "

"မောင်အရင်ချိုးလိုက် ကိုကိုနောက်မှ ချိုးမယ် ခဏ File တွေ စစ်လိုက်ဦးမယ် "

"ဟုတ်ကိုကို မောင် အရင်ချိုးပြီ "

"အင်း မြန်မြန်ချိုး ခြေအရင် ရေလောင်း ပြီးမှချိုး နော်"

"ဟုတ်ကဲ့ကိုကို "

ရန်ရှင်း လက်တော့နဲ့ ဖိုင်တွေ စစ်နေတယ် အလုပ်အကြောင်းတွေ စာရင်းတွေ သေချာစစ်ဆေးရတယ် အရင်ကလို ကားပြိုင်လိုက် ခရီးသွားလိုက် သောက်စားနေသလို ပြီးစလွယ် လုပ်လို့ကမရ သေချာစစ်ရတယ်

Marketing Report တွေ ၊ Production Report တွေ ၊ meeting report ၊ financial report တွေ စစ်ရင်း ညောင်းလာတယ်

မျက်မှန်လေးတပ်ပြီး ခုံလေးမှာ မှီကာ နေလိုက်တယ် ဒီလို ညိမ်ညိမ်နေတာက သူ့type မဟုတ်တော့ ဘယ်လိုမှ နေရတာအဆင်မပြေ တစ်ခုခု သူလုပ်ချင်နေတယ် ညနေစောင်းနေတာမို့ လုပ်စရာ ဘာရှိမလဲ မသိကြည့်တော့ ကားသော့ တွေ့တယ် သူတွေးတယ် ပြိုင်ကားမမောင်းရတာ သူကြာပြီ အပျင်းပြေ မောင်းရန် နေမင်း ရဲ့ ကားကွင်းကို သွားဖို့ ဆုံးဖြတ်လိုက်တယ်

"ကိုကို ရေချိုးတော့မလား "

"ဪ မောင် ပြီးပြီလား "

"ဟုတ် "

"အင်းကိုကို မချိုးသေးဘူး ကိုယ်လက်လေ့ကျင့်ခန်း လုပ်မလို့ လိုက်ခဲ့မလား ကားကွင်း "

"ဗျာ "

"လိုက်မှာလားလို့ "

"ဟုတ်"

"ဒါဆို သွားမယ် အင်္ကျီလဲ ပေါ့ပေါ့ပါးပါးလဲ "

"အင်း"

Newton Second Law ကိုဆန့်ကျင်၍ (Completed)Onde histórias criam vida. Descubra agora