Episode 5

674 31 5
                                    

Unicode

ရန်ရှင်းတစ်ယောက် အဝတ်အစားလဲ ပြီးတော့ အိမ်အောက်ထပ်ကိုဆင်းလာတော့ မိဘတွေနဲ့သွားထိုင်ကာ အဖေကို ဖက်ထားလိုက်တယ် အလုပ်သမားလေးတစ်ယောက်က ရန်ရှင်းအတွက် ပျားသံပရာ ဖျော်ရည်လေး လာချပေးတော့ ရန်ရှင်းအဖေက

"ငါလဲအသက်ရှိပါတယ်နော် ငါလဲပျားသံပရာကြိုက်ပါတယ် နင်တို့က ဘက်ကိုလိုက်တယ် နင်တို့တူသာအသက်ရှိနေတာဟုတ်လား "

"ဟာမဟုတ်ပါဘူး အကိုကြီးရလဲ သားရန်ရှင်းက စောနကရေကူးထားတော့ ညောင်းနေမှာလေ လန်းမှာမဟုတ်လို့ဖျော်တိုက်တာပါ အကိုကြီးသောက်မယ်ဆို ဖျော်ပေးမှာပေါ့"

"တော်တော့ ငါ့ကို ငါ့မိန်းမဖျော်တိုက်လိမ့်မယ် မလိုဘူး မိန်းမ ကို့ကိုဖျော်ပေး"

"ဖေဖေတို့များနော် ပိုကိုပိုတယ် Drama ရိုက်ချင်ရင် သားပြန်မှရိုက် ဖေဖေက သားကို အိမ်ကသူတွေ ဝိုင်းချစ်တာ မနာလိုဘူးနဲ့တူတယ် "

"ဟားဟား ဖြစ်ရမယ် မိန်းမ မင်းသားတွေ့လား ငါ့ကို "

"သား အဲ့လိုမပြောရဘူးလေ ဖေဖေ့ကို "

"ဟာမေမေကလဲ ချစ်လို့ပြောတာ" ဆိုကာ သူ့အဖေကို တင်းနေအောင် ပြန်ဖက်လိုက်သေးတယ်

"သားသားအဖေဘဲ အဖက်ခံချင်တာမဟုတ်ဘူး နော် မေမေလဲ အဖက်ခံချင်တာပေါ့ အခုသားက သားဖေဖေနားဘဲ ကပ်နေတာ"

"ဖေဖေ မေမေJDonut မင်နေပြီ သား‌ရေသွားတိုက် လိုက်ဦးမယ် မေမေ သားလာပြီ"

"ဘာငါ့ကိုများ J Donut နင်နေပြီဟုတ်လား သွားမလာနဲ့ ဖယ်" ဆိုကာ လက်ကိုပုတ်ချတော့ ရန်ရှင်း ပြန်ဖက်တော့ ညိမ်ခံနေလိုက်တယ်

"မေမေ စောနက သားအခန်းကို သူစမ်းတစ်ယောက် ဝင်ခိုင်းရတာလဲ သားဝင်လာတော့ အဆင်မပြေဘူးလေ"

"သားအခန်းကို ဒီတိုင်းပြတာပါ သားကအပေါ်မှာ ရေကူးနေတာဆိုတော့ ကြာမယ်ထင်တာကိုး "

"အဲ့ဒါလဲ အဲ့ဒါပေါ့ သူစိမ်းတစ်ယောက် သားအခန်းထဲလိုက်ပြလို့ အခန်းထဲရှုတ်ပွတာတို့ မမြင်သင့်မမြင်အပ်တာတို့ ရှိနေရင် သားက အရှက်ကွဲနေမှာ သူဌေးကြီး သား က အညစ်အပတ် ဘာညာနဲ့ပြောရင်ဘယ်လိုလုပ်မလဲ "

Newton Second Law ကိုဆန့်ကျင်၍ (Completed)Dove le storie prendono vita. Scoprilo ora